24:Forwards (OR) Backwards??

1.4K 138 8
                                    

(Unicode)

သစ်ခွပန်းမျိုးစိတ်များစွာရှိပြီး တစ်ပွင့်ချင်းစီက အလှတရားကိုယ်စီဖြင့် ဝေဝေဆာဆာဖူးပွင့်နေသည်ကို ကြည့်ကာ ကိုလွင် အပြုံးကြီးပြုံးနေမိသည်။ဂုဏ်ပကာသနများကို မက်မောချင်းမရှိသော သူ့အတွက်တော့ ဒီခြံလေးက နိဗ္ဗာန် ဘုံပင်။ပြည့်စုံကြွယ်ဝသောမိသားစု၏ အရှိနိအဝါများကို ဖယ်ချကာ မိမိကိုယ်ပိုင်ငွေလေးဖြင့် အမြတ်တနိုးဝယ်ထားပြီး အပင်ပန်းခံကာကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးထားသော ပန်းမျိုးစိတ်များကြောင့် ဤခြံလေးကို တွယ်တာနေမိသည်။ ယခုတော့ ဤခြံလေးသို့ရောက်လာသော အကြင်လူကလေးနှစ်ဦးကြောင့် ပို၍ပင် အဓိပ္ပာယ်ပြည့်စုံလာသည်ဟုတွေးမိလေသည်။

"ဒီမှာခင်ဗျ!....ဒီမှာ....."
အသံလာရာသို့ကြည့်မိတော့ ကင်မရာတစ်လုံးလည်ပင်းဆွဲထားသည့်  ခပ်ရွယ်ရွယ်ကောင်လေးတစ်ယောက်။ ဂျင်းအင်္ကျီလက်ရှည်ကို ဘောင်းဘီမတိုမရှည်လေးနှင့် တွဲဖက်ဝတ်ဆင်ထားသည်မှာ မိမိဆိုလျှင် အတော်ကြည့်ရဆိုးမည်ဟု ထင်မိသော်လည်း ထိုလူငယ်လေးကတော့ အလွန်ပင် လိုက်ဖက်နေသည်။အပြုံးချိုချိုလေးများဖြင့် တစ်စုံတစ်ရာကို မေးချင်နေပုံရသည်။
"ဘာကိစ္စရှိလို့လဲ..မသိဘူး..?.."

သူမေးလိုက်သော အမေးကို ထိုလူငယ်လေးက အပြုံးချိုချိုနောက်တစ်ခု ပစ်လွှတ်လိုက်ပြီးမှ
"ကျွန်တော်က..photographerတစ်ယောက်ပါ..ဒီခြံရှေ့က..သုံးခေါက်လောက်ဖြတ်သွားကြည့်တော့ သစ်ခွပန်းလေးတွေက..တအားလှနေလို့...မနေနိုင်တဲ့အဆုံး..ဝင်မေးကြည့်တာပါ..."

သူအနည်းငယ်ဒေါသထွက်မိသည်။ သစ်ခွပင်လေးများကို ရောင်းရန် စိတ်ကူးမရှိချေ။အလှကြည့်ကာ ပန်းခင်းလေးတစ်ခုဖန်တီးချင်ရုံပင်။ခုတော့ လမ်းကြုံလို့ ဝင်ဝယ်မယ်ဆိုတဲ့သဘောပေါ့... နည်းနည်းမျှ သဘောမတွေ့  မိသည်မှာ အမှန်ပင်။
"ဒီသစ်ခွတွေက...ရောင်းဖို့မဟုတ်ပါဘူး...sorryပါပဲ.." ပြောရင်းပင် လှည့်ထွက်လာခဲ့သည်။ ဘယ့်နှယ် မြတ်နိုးလွန်းလို့ပျိုးထားတာကို မေးရက်လေခြင်း...

"နေပါဦး..ခင်ဗျ...ကျွန်တော်တကယ်ကို..ဒီသစ်ခွပန်းလေးတွေကိုကြိုက်လို့ပါ...ကျေးဇူးပြုပြီး..စဥ်းစားပေးပါလားဗျာ...အရမ်းလှလို့..."
မရောင်းပါဘူးလို့ ကောင်းကောင်းမွန်မွန် ​ပြောနေသည်ကို ဒီကောင်လေးနားလေးနေသလား။နဂိုကတည်းကပင် လူပုစိတ်တိုမဟုတ်လား။ တိုတိုတုတ်
တုတ်တုတ်ပင် နာမည်တောင်မှ 'လွင်' ဟု တစ်လုံးတည်းမှည့်ပေးထားသည့် သူ့ကိုမှ လာဆွနေတာ အသားနာချင်နေပြီထင်။
"ဒီမယ်...ဒီခြံထဲက..ဘယ်သစ်ခွပင်မှ..မရောင်းဘူး..ရောင်းဖို့စိုက်ထားတာလည်း..မဟုတ်ဘူး..တခြားခြံကိုသွားမေးလိုက်ပါ...."
"လုပ်ပါဗျာ...တစ်ခါလောက်ပဲ..ရောင်းပေးပါနော်...ကျွန်တော်တကယ်လိုချင်တာပါ....အကိုကြီးခြံထဲက..သစ်ခွတွေက..တခြားခြံတွေအားလုံးထက်..ကျွန်တော့်မျက်လုံးကိုဆွဲဆောင်နေလို့ပါ...ကူညီပါဗျာ...နော်အကို..."

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now