11: Love story

1.4K 151 11
                                    

(Unicode)

ကျောင်းဖွင့်ချိန် သို့ ပြန်လည်ရောက်ရှိလာပေပြီ။ ဒီနှစ်တွင်တော့ လင်းအံ့ နှင့်သွေးသစ် သူငယ်ချင်းနှစ်ယောက် သာ မဟုတ်တော့ ချစ်ရိပ်ချို ဆိုသော မိန်းကလေးတစ်ယောက်လည်း သူငယ်ချင်းဖြစ်လာရပေပြီ။

ယခင်က ချစ်ရိပ်ချိုကို နည်းနည်း​လေး ​မျှ ကြည့်မရသော လင်းအံ့ သည်ပင် ယခုဆိုလျှင် ချစ်ရိပ်ချို အပေါ် ခင်မင်စပြုလာပေပြီ။ အကြောင်းမှာ လင်းအံ့ ညီမလေး ကြယ်စင်မင်း ကြောင့်ပင်။

ကြယ်စင်က လင်းအံ့ အောက်သုံးနှစ်သာငယ်သောကြောင့် ယခုဆိုလျှင် ရှစ်တန်းရောက်ချေပြီ။ မောင်နှမချင်းဖြစ်၍ သူမ နားမလည်သောစာများကို လင်းအံ့ က စိတ်ရှည်လက်ရှည် မရှင်းပြတတ်။ နည်းနည်းလောက် မေးမိသည်နှင့် များများဒေါကန်နေသော သူဖြစ်၍ ညီမဖြစ်သူကလည်း အကူအညီတောင်းရန် ခပ်လန့်လန့်ပင်။

အဆင်ပြေသွားသည်က ချစ်ရိပ်ချိုက စာသင်ပြပေးသည်လည်း ဝါသနာပါသောကြောင့်ပင်။ စကားစပ်မိရင်းမှ ကြယ်စင်နားမလည်သော စာများကို စိတ်ပါလက်ပါ အပင်ပန်းခံကာ လာရောက်ရှင်းပြပေးတတ်သည့် ချစ်ရိပ်၏စိတ်ရင်းလေးကိုတော့ လင်းအံ့ မလေးစားပဲ မနေနိုင်။

လင်းအံ့ နှင့်အနေနီးလာ၍ သွေးသစ်နှင့်လည်း အနေမစိမ်းပေ။ သူမ အားသည်နှင့် သွေးသစ်အိမ်သွားကာ ပြောင်မြဲ၊ နောက်မြဲ၊ စမြဲပင် ။ နောက်ပိုင်းတွင် သူမကိုယ်တိုင်က လင်းအံ့ ကို သွေးသစ်ကဲ့သို့ ခင်ချင်ကြောင်း၊ သူငယ်ချင်း သုံးယောက် အဖြစ်သတ်မှတ်ပေးရန် ပြောလာသောကြောင့် လင်းအံ့ တစ်ယောက် လက်ခံလာရသည်။

"ဗိုလ်..ကျား..သေနတ်...ကိုယ်ကြိုက်တာ.. ကိုယ်လုပ်......."
"ဟားဟား... ကိုလင်းရှုံးပြီ....ချစ်ရိပ်... သွေးသစ်..စက်ဘီးနောက်ပဲ..လိုက်သွားတော့မယ်......"
"............"
"စိတ်မဆိုးကြေးနော်.. ကိုလင်း...."
"အင်း......"

ပြောပြောဆိုဆို ချစ်ရိပ် တစ်ယောက် သွေးသစ် စက်ဘီးပေါ်သို့ လွှားခနဲ ခုန်တက်လိုက်လေသည်။ ကျွန်တော်ကတော့ ထုံးစံအတိုင်းသူတို့စက်ဘီးနောက်မှပင် ကပ်၍ လိုက်လာခဲ့မိသည်။ သွေးသစ်ကလည်း ပြုံးလို့ရွှင်လို့၊ ကျွန်တော့်ကိုအနိုင်ယူရလျှင် သူတို့နှစ်ယောက် လုံး ကျေနပ်ကြသည်။ ဘာပဲဖြစ်ဖြစ် ချစ်သောသူကို မပိုင်ဆိုင်ရသည့်တိုင် သူပြုံးနေတာလေးကိုက ကျွန်တော့်အတွက် ဆုလာဘ် တစ်ခုပင်။

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now