3:ချည်

2.3K 213 13
                                    

(Unicode)

'သွေးသစ်စ...သွေးသစ်စ'

လူတစ်ယောက်ရဲ့ နာမည်ကို တတွတ်တွတ်ရေရွတ်ဖူးသည်မှာ ဘဝတွင်ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

နာမည်နဲ့လူနဲ့လည်းလိုက်ပါသည်။ ဖြူဖြူဖွေးဖွေး နှင့် မိန်းကလေးတစ်ယောက်နှယ် နုဖတ်လွန်းနေသော ယောကျ်ားလေးတစ်ယောက်ကို ကျွန်တော် ယခုမှ ပင်မြင်တွေ့ဖူးသည်။ ကျွန်တော် ပေါင်းခဲ့ဖူးသောသူငယ်ချင်းများနှင့်တော့ ဆီနှင့်ရေနှယ် ကွာခြားလွန်းသည်။

သူ့ဘဝလေးအကြောင်းကိုကြားတော့ ပို၍ပင်ကရုဏာသက်မိသည်။ သူ၏အကိုဖြစ်သူ 'ကိုထွန်းသစ်စ 'ပြောပြချက်အရ သူငါးတန်းအရွယ်လောက်ကတည်းက မိဘတွေက ကွာရှင်းခဲ့ကြသည်။သူကတော့ အဖေဖြစ်သူနှင့် နှစ်ယောက်တည်း နေခဲ့ပြီး အမေနှင့်အကိုက သက်သက်ခွဲ​​နေကြသည်။

ဖခင်ဖြစ်သူကလည်း အလုပ်တစ်ဖက်နှင့်မို့ ဂရုမစိုက်အား၍ အထီးကျန်နေသည့် သူ့ဘဝလေး၊ ဖခင်ကပန်းချီဆွဲခြင်းကို မနှစ်သက်မှန်းသိ၍ မည်သူမျှမရှိတဲ့အချိန် ပန်းချီ ခိုးဆွဲရာမှ စုတ်တံကလေး မတော်တဆပြုတ်ကျလို့ ရေထဲဆင်းကောက်ရင်းနှင့် ရေနစ်ခြင်းဖြစ်ကြောင်းကိုလည်း ကျွန်တော့်ကို ကိုထွန်းသစ်စ ပြောပြ၍သိရသည်။

ကိုယ့်ကိုကိုယ်ပင် နားမလည်နိုင်ဖြစ်နေရသည်က ထိုနေ့မှစ၍ ကျွန်တော့်အတွေးထဲတွင် နေ့တိုင်းလိုလို သူရှိနေသည်မှာ အဘယ်ကြောင့်နည်း? ထိုနေ့ကအဖြစ်အပျက်ကိုလည်း...

"ကိုကို...ဘာလုပ်နေတာလဲ... ခုတလောအဲ့ဒီ့နှုတ်ခမ်းတကိုင်ကိုင်နဲ့...နှုတ်ခမ်းကွဲနေလို့လား?..."

အတွေးစတွေနှင့်ရှုပ်ယှက်ခတ်နေ​တော့ မိမိအပြုအမူကိုပင် မိမိသတိမထားမိ 'သေလိုက်ပါတော့ကွာ...' ဟုသာစိတ်ထဲမှ ပြောမိတော့သည်။ ဒီကောင်မလေး တစ်ယောက်နှင့်ခက်နေပါပြီ။ အခန်းထဲသို့ စွပ်စွပ်ဝင်လာတာပဲ ဟုသာရေရွတ်မိတော့သည်။

"ဘာလဲ..ကြယ်စင်..ငါဘာမှမဖြစ်ဘူး...နင်ဘာလာလုပ်တာလဲ?...."
" အောက်မှာ.. ကိုကို့သူငယ်ချင်းရောက်နေတယ်...အဲ့ဒါကြောင့်.. လာခေါ်တာ...."

သူငယ်ချင်း တဲ့...ကျွန်တော်ဒီကိုစပြောင်းလာကတည်းက သူငယ်ချင်းတစ်ယောက်မှမရသေး။

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now