22:Love is Life👨‍❤️‍💋‍👨

1.5K 148 7
                                    

သတင်းစာ စာရွက်များကို ရန်သူတစ်ဦးနှယ် အငြိုးကြီးကြီးဖြင့် ဆုတ်ဖြဲနေသော သွေးသစ်ကြောင့် အကိုဖြစ်သူ အတော်လေးပင် နွမ်းဟိုက်သွားရသည်။
ညီသွေးတစ်ယောက် ဆေးရုံရောက်ပြီးသုံးရက်လောက်မှ ထူထူထောင်ထောင်ဖြစ်လာသည်။အခုလည်းပြီးခဲ့သော သတင်းစာတစ်စောင်ကိုသာ ထပ်ချည်းတလဲလဲ ကြည့်ကာမျက်ရည်ကျသည့်အခါကျနေတတ်သလို၊ယခုတော့ ထိုသတင်းစာလေးကိုဆွဲဖြဲနေပေပြီ။

မေမေကတော့ ညီသွေးဆေးရုံတက်သည့် နေ့က
တည်းက နေ့တိုင်းလူနာလာစောင့်ပေးတတ်သည်။ မနက်မိုးလင်းမေမေပြန်သောအချိန်တွင်မှ ဖေဖေကရောက်လာတတ်သည်။ဘယ်ဘဝဝဋ်ကြွေးကြောင့်မှန်းမသိ ဒီဘဝတွင်တော့ဖေဖေနှင့်မေမေကို အတူတွဲ၍မမြင်ရတော့ချေ။မေမေနှင့်ဖေဖေက အချစ်မပါသော အိမ်ထောင်ရေးတစ်ခုကို ဇွတ်မှိတ်ကာ ဖန်တီးခဲ့ကြသည် ဟုမေမေပြောဖူးသည်။ အချစ်မပါ၍ထင် လမ်းခွဲသည့်အချိန်မှစ၍ ယခုအထိမျက်နှာချင်းပင် မဆိုင်ကြတော့။

ညီသွေးကိုတော့ ထိုသို့သော ​အဖြစ်မျိုးမဖြစ်စေလို။ချစ်သောသူနှင့်သာ ဘဝတစ်ခုလုံးလက်တွဲစေချင်မိသည်။အခုလည်း ညီသွေးပုံစံက ပုံမှန်မဟုတ်ပဲ အသည်းကွဲနေသည်ဟုထင်မိသည်။အသည်းကွဲရသည့်အကြောင်းအရင်း၊ဘယ်သူ့ကြောင့်ကွဲရလဲ စသဖြင့်မေးခွန်းတွေကိုတော့ ကျွန်တော် မမေးဖြစ်။သူမသိစေချင်၍ မပြောပြခြင်းပင်၊ရင်ထဲမှာမခံစား မမြိုသိပ်နိုင်သောတစ်နေ့ ပွင့်အံထွက်လာမည် မဟုတ်လား။ထိုအခါမှသာ ညီသွေးကိုနှစ်သိမ့်ကာ အဖော်ပြုပေးရန် တွေးထားသည်။

ညီသွေးအခြေအနေက စိတ်ချရပြီဆိုသော်လည်း ငယ်စဥ်ကတည်းက သွေးအားနည်းတတ်၍ဆရာဝန်က တစ်ပတ်လောက်စောင့်ကြည့်ရန်ပြောသည်။ ဒေါသတကြီးဖြင့် သတင်းစာစာရွက်များကို ဆုတ်ဖြဲပြီးသော ညီသွေးတစ်ယောက် ခံစားရသည့် ခံစားချက်အလျောက် ငိုချပစ်သင့်သည်လေ။ကျွန်တော်ရှိနေလျှင် မလွတ်မလပ်ဖြစ်နေမည်စိုး၍ လူနာအခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ ငိုချပစ်လိုက်ပါဦး..ညီသွေး...အားရအောင်..ငိုပစ်လိုက်ပါကွာ....

ညီသွေးအခန်းထဲမှ ထွက်လာလာချင်း မြင်တွေ့လိုက်ရသည်က လူငယ်တစ်ယောက် မောကြီးပန်းကြီးဖြင့် သူ့မျက်စိရှေ့ရောက်လာသည်။လင်းအံ့...လင်းအံ့ပဲ။
လင်းအံ့က စကားတစ်ခွန်းမျှ သူ့ကိုမပြောသော်လည်း မျက်လုံးအကြည့်များက သူ့ကိုခွင့်တောင်းနေဟန်ရှိ၍ သူကလည်း အကြည့်ဖြင့်ပင် ခွင့်ပြုလိုက်သည်။ တစ်ခါတစ်လေ စကားအခွန်းပေါင်း များစွာပြောခြင်းထက် မျက်လုံး၏အဓိပ္ပါယ်ကိုကောက်ချက်ချရခြင်းက ပို၍လေးနက်စေသလို၊အရာလည်းရောက်သည်ဟု သူထင်မိသည်။

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now