4: မင်းမှမင်း

2K 203 18
                                    

(Unicode)

"ကိုလင်း...ကိုလင်းရေ!!..."

အသံကြားရုံနှင့်ကျွန်တော်သိလိုက်သည်က သူပဲ

"လာလေ!...ကိုသွေး...ကိုကိုရှိတယ်..... "

'ကိုလင်း' တဲ့ သူလေး ကျွန်တော့်ကိုခေါ်တဲ့နာမည်

ယခင်က ကျွန်တော့်နာမည်ကို အဖျားစွတ်ခေါ်လျှင် ကျွန်တော်နည်းနည်းမျှ မနှစ်သက်ပေ။

ကျွန်တော့်သူငယ်ချင်းများကို "ဟေ့ကောင်တွေ...ငါ့နာမည်က.. လင်းအံ့မင်း.... ပြည့်ပြည့်စုံစုံခေါ်စေချင်လို့..သုံးလုံးမှည့်ထားတာ...အဖျားတွေအရင်းတွေ..လာမစွတ်နဲ့..နားရင်းရိုက်မှာ...." စသဖြင့် ကတ်သီးကတ်သက် ဘုကလန့်ကောင် ကျွန်တော်က ခုတော့ ဘယ်လိုခေါ်ခေါ် အပြစ်လို့ပင် မယူဆခဲ့။

"လာလေသား...သားအကို..အပေါ်ထပ်မှာ..ရှိတယ်...ထမင်းစားပြီးမှပြန်နော်..."

"ဟုတ်ကဲ့... အန်တီမေ..."

သွေးသစ်က ချစ်မွှေးပါသည် ဟုပင်ပြောရမလို၊ ခုတော့ ဖေဖေ၊မေမေ၊ညီမလေး အားလုံးနှင့်အတော်အသင့်ခင်နေပေပြီ။

မနက်မိုးလင်းတာနှင့် အိမ်ကိုရောက်ချလာတတ်သည်။ မနက်ပိုင်းမလာဖြစ်ရင်တောင် နေ့လည်ပိုင်း၊ညနေပိုင်း စသဖြင့် စိတ်ကူးပေါက်သလို ရောက်ရောက်လာတတ်သည်။ ရောက်လာတိုင်း မေမေ့ကိုအိမ်အလုပ်ဝိုင်းကူလိုက်၊ ညီမလေးနှင့် စကားစမြည်ပြောလိုက်၊ စလိုက်နောက်လိုက်နှင့် ၊ ကျွန်တော်နှင့်တော့ သိပ်မရင်းနှီးသေးသလို ဒါပေမယ့် လည်း သူလာသည်နှင့် ကျွန်တော့်နာမည်ကို ဦးစွာခေါ်တတ်သည်ကိုပင် ဂုဏ်ယူရမလို။

ပြောရင်းဆိုရင်းနှင့် သူကျွန်တော့်အခန်းထဲရောက်လာလေသည်။ကုတင်ပေါ်တွင် ထိုင်ကာ

"ကိုလင်း...ကိုလင်း... မထသေးဘူးလား...အိပ်ပုတ်ကြီး လိုက်တာ....ဧည့်သည်ကအခန်းထဲတောင်ရောက်နေပြီနော်...ကိုလင်း...ထ..ထဆို..."

သူ၏ နုဖတ်သောလက်ကလေးများဖြင့် လှုပ်နှိုးနေလေရဲ့၊ "ဟားဟား... မင်းရဲ့..လက်ကလေးတွေနဲ့..လှုပ်နှိုးတာလောက်တော့...ဒီကကောင်ကသနားတယ်..လို့တောင်ပြောချင်တယ်...တခါတခါဖေဖေအိပ်ရာနှိုးရင်...ကုတင်ပေါ်ကပင်..ကန်ချခံရသေး......" တစ်ယောက်တည်း စောင်ခေါင်းမြီးခြုံကာသူမသိအောင် ကြိတ်ရယ်နေရသေးသည်။

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now