20: No!!

1.3K 148 11
                                    

(Unicode)

"ဗျာ!...မေမေ...မေမေဘာပြောလိုက်တာလဲ!?.."

"ဟုတ်တယ်သား....သားကို..ချစ်ရိပ်လေးနဲ့..အိမ်ထောင်ချပေးမလို့လေ....ဒီကိစ္စကို.. မေမေတို့လူကြီးတွေ..တိုင်ပင်ထားတာ..ချစ်ရိပ်ဖေဖေနဲ့..ဒေါ်လေးကလည်း..သဘောတူတာမှ..လွန်ရော..မေမေတို့ကလည်း..ငြင်းစရာမှမရှိတာ..သားရဲ့...."
"သား..ဆန္ဒကို.. မမေးတော့ဘူးလား..မေမေ..."
"မေးနေစရာမှမလိုတော့ပဲ..သားရယ်...သားဖေဖေကလည်း..သားခြေငြိမ်သွားဖို့အတွက်..ဒီနည်းလမ်းက..အကောင်းဆုံးပဲတဲ့...ချစ်ရိပ်ဖေဖေကိုယ်တိုင်က..သားတို့ကိစ္စကိုထုတ်ပြောလာတာ..သားရဲ့...မိန်းကလေးဘက်က..စပြောလာတာကို..မေမေတို့..ယောကျ်ားလေးရှင်ဘက်က..ငြင်းလို့ဘယ်ကောင်းပါ့မလဲ..သားရယ်... "

အတင်းအဓမ္မ နားချနေသော မေမေကြောင့် ကျွန်တော်ဘာပြန်ပြောရမည်ပင် မသိတော့ချေ။ မေမေတို့ဘက်က ချစ်ရိပ်ကိုသဘောကျနေမှန်းတော့ ကျွန်တော်သိထားပြီးသားပင်။ သို့သော် ထိုကိစ္စက ခုလောက်ထိ အလောတကြီးစီစဥ်ရန်မလိုပေ။ ဖေဖေတို့ချည်းသာ ဆိုလျှင် ခုလိုမြန်မြန် စီစဥ်လိမ့်မည် မထင်။ ခုတော့ ချစ်ရိပ်ဖေဖေဘက်က စကားစ ကာပြောလာသည်ဆိုတော့..........

"သားကို..စဥ်းစားခွင့်ပေးပါဦး..မေမေ...ခုကိစ္စက..တစ်ဘဝလုံး နဲ့..သက်ဆိုင်တယ်လေ..သားကို..အချိန်နည်းနည်းလောက်ပေးလို့ရမလား..?..မေမေ.."
"သားက..ဘယ်လောက်ကြာကြာစဥ်းစားမလို့လဲ...ဖြစ်နိုင်ရင်..မိန်းကလေးရှင်ဘက်က..ဒီနှစ်မကုန်ခင်..မင်္လာဆောင်ဖို့..အထိပါပြောထားတာ..သားရဲ့..မေမေတို့ကို..မျက်နှာမပျက်ပါစေနဲ့သား......."
"သား..အကြာကြီး..မစဥ်းစားပါဘူးမေမေ..ဒီရက်ပိုင်း..သားပြန်ပြောပေးပါ့မယ်...ဒီကိစ္စကို ဖေဖေကိုမသိစေချင်ဘူးမေမေ...."
"အင်းပါ...မင်းဖေဖေကို..မေမေကြည့်ကောင်းအောင်ပြောပြ..ပေးထားပါ့မယ်..."

မေမေ ကျွန်တော့်အခန်းထဲမှ ထွက်သွားတော့ ကျွန်တော် အရုပ်ကြိုးပျက်သလို အိပ်ယာပေါ် ပစ်လှဲလိုက်မိသည်။ချစ်ရိပ်ချိုနဲ့ တစ်ဘဝလုံး လက်တွဲရမည်မှာ ကျွန်တော့်အတွက် ခဲယဥ်းလှပေသည်။သူမအပေါ် သူငယ်ချင်းမိတ်ဆွေ တစ်ယောက်ထက် ကျွန်တော် မပိုပေ။ခုကိစ္စကို သွေးသစ်သိလျှင်တော့ အကြီးအကျယ် ဒေါသထွက်ပေတော့မည်။သူကလေးကို မကြာခင်ကမှ သူငယ်ချင်း ထက်မပိုနိုင်ဘူးဟု ငြင်းထားသော သူမကို ကျွနိတော်က လက်ထပ်လိုက်မည် ဆိုပါက သူကလေး ဘယ်လိုဖြစ်သွားမည်လဲ...

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now