အပိုင်း (၆၈)

1.8K 268 22
                                    







"တာဝန်ချိန်လဲတယ်…"

"အင်း…. ဟုတ်တယ်…"

"မင့်ဟာ…. ဟုတ်ရောဟုတ်လို့လား…."

"ဘာလဲ… မယုံလို့လား…. တာဝန်ချိန်လဲခိုင်းလို့ ငါဒီမှာ စောင့်ပေးရမှာလေ… မင်း မျက်နှာအီးမှန်တဲ့ရုပ်နဲ့…"

"မင်း လာလိမ်နေတာလား…"

"မယုံရင်လည်း ကိုယ့်ဘာသာ တပ်မှူးချိန်ကို သွားမေးတော့… ငါတော့ တာဝန်ကျလို့ လာပြောတာ… ယုံတာ မယုံတာ မင်းအပိုင်း… ငါ အပြစ်ပေးမခံနိုင်ဘူး…"

အစောင့်က မို့ရန်စကားကြောင့် အူကြောင်ကြောင်ဖြစ်သွားသည်။ တာဝန်ချိန်လဲသည်မှာ စောနေသေးသည်။ တပ်မှူးချိန်နာမည်ကိုသုံးပြီးတော့ လာမလိမ်လောက်။ တကယ်ဟုတ်နေမှ ခက်ရော့မည်။

"ဒါဆိုလည်းပြီးရော… ကျေးဇူးပဲ…."

"အဲ… နေဦးလေ… င့ါကို ပေးသွားဦး…"

"ဘာတုန်း…"

"နံပါတ်ပြားလေ… မင်းမပေးသွားရင် တာဝန်ရှိလူကြီးတွေ မတော်လို့ င့ါအချိန်မှ ရောက်လာရင် ဘယ်လိုလုပ်မတုန်း…"

"အော်… အင်း… အင်း… ရော့…"

အစောင့်ရဲမက် လှမ်းပေးသည့်နံပါတ်ပြားကို လှမ်းယူပြီး မို့ရန် အကျဉ်းထောင်ထဲ ဝင်လိုက်သည်။ ထိုရဲမက် တပ်မှူးချိန်ဆီ သွားမေးမှာကိုလည်း သူမ မကြောက်။ လာဘ်ထိုးပြီး အတွေ့အကြုံယူချင်လို့ပါဟု အလဲအလှယ်လုပ်ထားသည့်အတွက် နည်းနည်းမှ မစိုးရိမ်ပါ။ နံပါတ်ပြားကို အသုံးပြုပြီး သူမ ကွမ်းချီကို လိုက်ရှာသည်။ အစ်ကိုငါး လုပ်ပေးလာသည့် သော့အတုကိုလည်း စမ်းကြည့်ရသေးသည်။ ပျောက်သွားရင် ပြသနာရှိနိုင်သည်။ အကျဉ်းထောင်အပြင်တွင် အစောင့်များ ထူထပ်စွာချထားသော်လည်း အထဲတွင် အစောင့်များက ကျိုးတိုးကျဲတဲသာ ရှိသည်။ အချို့သောအကျဉ်းသားများက နှိပ်စက်ခံထားရသောကြောင့် သွေးသံတရဲရဲ။ သူမ ဘုရားတရင်း အရှေ့ကို ဆက်လျှောက်သည်။ မှောင်ရိပ်ကျနေပြီး အေးစက်လွန်းသောအခန်းများရှိရာ နေရာတွင် အခန်းတော်တော်များများက အကျဉ်းသားမရှိဘဲ လစ်ဟာနေသည်။ အခန်းတစ်ခုတွင်မတော့ သူမရှာနေသည့်သူကို တွေ့ချေပြီ။ ခါးကြားကသော့ကိုထုတ်ကာ တံခါးကို အသံမမြည်အောင် လှည့်ဖွင့်သည်။ သော့တုက နည်းနည်းကြပ်နေသည့်အတွက် အားစိုက်ရသောကြောင့် အသံအချို့ထွက်သွားသည်။ သော့ပွင့်သွားသည်နှင့်

ကြင်ယာတော် "မို့ရန်"Where stories live. Discover now