Part (1)

15.2K 764 11
                                    

"မင်းအကြံညာဏ်တွေကြောင့် ကုမဏီကအများကြီးကျိုးအမြတ်ရခဲ့တယ် အဲ့အတွက်နဲ့မင်းကိုxxမြို့ကို အားလပ်ရပ်ခရီးသွားဖို့စီစဉ်ပေးထားတယ် မနက်ဖြန်လက်မှတ်ဝယ်ပေးထားတယ် ဟိုမှာ၂ရက်ကောင်းကောင်းပျော်ခဲ့ပါ"

ဝမ်ရှီးဟာလူအများနဲ့ရောနေတတ်သည့်သူမဟုတ်ပေ။ သူ့မှာတိတိကျကျသူငယ်ချင်းတစ်ယောက်သာရှိသည်။ တစ်ကောင်ကြွက်မိဘမဲ့မိမိဝမ်ရှီးဟာအလုပ်အလွန်ကြိုးစားသည်မှာမထူးဆန်းပေ။ ထိုသို့အလုပ်အလွန်တော်၍ဝမ်ရှီးအားမုန်းသည့်သူလဲမနဲပေ။ အခုလဲဒါရိုက်တာကအားလပ်ရပ်ခရီးပေးသွားသည်ကို မိမိကဒါရိုက်တာအားဆွဲဆောင်သည်ဟူသော အကြောင်းများပြောပေဦးမည်။

ဝမ်ရှီးဟာလှပပြီးဒါရိုက်တာကလဲပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်သည်။ သို့သော်ဝမ်ရှီးနှင့်ဒါရိုက်တာဖူဟာစကားတောင်လိုတာရှိမှပြောတတ်တာဖြစ်လေသည်။ အတွေးတွေထဲနစ်ဝင်နေသော ကျူးဝမ်ရှီးကို

"ကျူးဝမ်ရှီး..ကျူးဝမ်ရှီး!! မင်းကိုအားလပ်ရက်ခရီးပေးရင်အကြီးအကဲဖြစ်တဲ့ဒါရိုက်တာ ငါ့ကိုကျေးဇူးတင်စကားတော့ပြောသင့်တယ်မထင်ဘူးလား"
"ရှင်..ကျေးဇူးတင်ပါတယ် ဒါရိုက်တာဖူ"

ဝမ်ရှီးအိမ်ပြန်ရောက်တာနဲ့မနက်ဖြန်သွားရန်အဝတ်အစားများထည့်ပြီးအိပ်ယာပေါ်ပင်ပန်းစွာလှဲချလိုက်သည်။ ထို့နောက်ရေမိုးချိုးကာညအိပ်အဝတ်လဲဝတ်ကာအိပ်ရန်ပြင်လေတော့သည်။ ဝမ်ရှီးမနက်ဖြန်ထရန်alarmပေးကာ

"ဖူချန်ကျန့် နင်ငါ့ကိုအားလပ်ရပ်ခရီးဆိုပြီးသေအောင်သတ်နေတာလား ရှေးဟောင်းမြို့ကြီးကိုမိန်းကလးတစ်ယောက်ထဲသွားခိုင်းပြီး ငါသရဲခြောက်ခံရမှာဘာညာတောင်မတွေးဘူး လူယုတ်မာ။ အိပ်တာပဲကောင်းတယ်"

"ကလင် ကလင် ကလင်~"

ဝမ်ရှီးalarmကိုပိတ်ကာ ငါးမိနစ်လောက်ထပ်ကွေးနေလိုက်သည်။ ဝမ်ရှီးဟာအချိန်တိကျသူဖြစ်၍ရထားကိုအချိန်မှီရောက်ပြီးထိုင်ခုံရှာကာအေးဆေးအိပ်နေလိုက်တော့သည်။ ရထားပေါ်ကလှပတဲ့ရှုခင်းတွေ ကောင်းကင်ပြာကြီးတွေကိုကြည့်ပြီးဝမ်ရှီးတစ်ယောက်ပျော်နေမိလေသည်။ ဝမ်ရှီးအနည်းငယ်တော့စိတ်လှုပ်ရှားနေ၏။ ဘာလို့ဆိုဒီလိုခရီးမထွက်ရတာကြာပြီးဖြစ်ပြီး တစ်ယောက်ထဲသွားရမှာကိုလဲအနဲငယ်လန့်နေမိသည်။

Villain Girl (Arc-1)Onde histórias criam vida. Descubra agora