Part (16)

6.4K 471 12
                                    

"ဒီကောင်မကိုသတ်ပစ်ချင်နေတာ"

လျန်ရီရန်ကစကားပြောပြီးတာနဲ့ဖွက်ထားတဲ့ဓားမြှောင်ကိုဆွဲထုတ်လိုက်ပြီး ဝမ်ရှီးဆီပြေးလာလေတော့သည်။ ဝမ််ရှီးနဲ့လျန်ရီရန်ကအရမ်းနီးကပ်လွန်းနေတာကြောင့် စက္ကန့်ပိုင်းတောင်မကြာပဲဝမ်ရှီးရဲ့ရင်ဘက်တည့်တည့်မှာဓားတစ်ချောင်းကစိုက်ဝင်ပြီးသားဖြစ်သွားလေသည်။

ဓားကစိုက်ဝင်သွားတာနဲ့ဝမ်ရှီးစူးအောင့်ကာနာကျင်သွားရလေတော့သည်။ လျန်ပိုလင်ကလျန်ရီရန်ကိုတွန်းထုတ်လိုက်ပြီးယီရှင်းကဝမ်ရှီးရဲ့ ပုခုံးတွေကိုကိုင်ထားလေပြီးတဖြည်းဖြည်းလဲကျသွားတဲ့ဝမ်ရှီးကိုထိန်းပေးထားသည်။

အကိုတော်ပိုလင်ကသမားတော်ကိုမြန်မြန်လာရန်အော်ခေါ်နေပြီး ယီရှင်းကတော့အသိစိတ်တွေလွတ်သွားသလိုပင်။ လက်တွေတုန်ရီကာဝမ်ရှီးရဲ့ပါးလေးကိုပွတ်ပေးနေလေသည်။

"မနာဘူးနော်။ ဘာမှမဖြစ်ဘူး။ ကိုရှိတယ်။ ကိုရှိတယ်"
"တိုင်းပြည်ကိုကောင်းကောင်းအုပ်ချုပ်နော်။ မယ်တော့်ကိုလဲ.. ကောင်းကောင်း..ဂရုစိုက်ပေး"

"မင်းမသေရဘူးနော်။ မင်းကိုသေခွင့်မပြုနိုင်ဘူး။ ကိုနဲ့ကလေးလေးတွေမွေးမယ်လေ။ မင်းမယ်တော်ကိုလဲမင်းပဲစောင့်ရှောက်ရမယ်လေ နော်"

"နန်းတော်မှာဆက်ခံသူရှိအောင်..လက်ဆက်ပါ။ ပျော်ပျော်..ရွှင်ရွှင်..နေပါ့မယ်..လို့..ကတိ..ကတိပေး"

"ဟင့်အင်း။ စကားမပြောပါနဲ့။ ဟွား ကျေးဇူးပြုပြီးစကားဆက်မပြောပါနဲ့တော့။ ကိုတောင်းပန်ပါတယ်။ မင်းမသေရဘူးနော်"

"ရှောင်..ယီရှင်း..ကို လျန်ရီ..ဟွားက..အရမ်း..ချစ်..တယ်"

ဝမ်ရှီးကအဲ့စကားကိုပြောပြီးတာနဲ့သွေးတွေနဲ့ပုံဖော်ထားတဲ့အပြုံးတစ်ခုကိုပြုံးပြလိုက်လေသည်။ ထိုလှပလွန်းတဲ့အပြုံးလေးကသွေးတွေနဲ့လွှမ်းပြီးမျက်ရည်အချို့လဲပါဝင်နေတော့ ရင်ကွဲစို့နင့်ဖွယ်ရာအပြုံးတစ်ခုဖြစ်ခဲ့သည်။

"ကိုလဲချစ်တယ်လေ။ ချစ်တာကြောင့်မလို့ကိုနဲ့တူတူနေနော်"

ပြုံးပြပြီးနောက်ဝမ်ရှီးရဲ့မျက်လုံးလေးတွေတဖြည်းဖြည်းပိတ်ကျသွားပြီး ဝမ်ရှီးတစ်ယောက်အမှောင်လောကထဲသို့နောက်တစ်ဖန်ရောက်ရှိသွားတော့သည်။

Villain Girl (Arc-1)Where stories live. Discover now