Part (6)

6.2K 572 1
                                    

ညစာစားပွဲမှာအကိုတော်နှင့်မင်းလီအိမ်ရှေ့စံ၏သွေးအေးတိုက်ပွဲများကြောင့် ဝမ်ရှီးခင်ဗျာထမင်းတောင်ကောင်းကောင်းမဝင်ပေ။
"အိမ်ရှေ့စံရှောင်ရောက်လာပါတယ် သခင်မလေး"
"ဟွားထွက်လာခဲ့မယ်"
"ညအချိန်မတော်ကြီးဘာကိစ္စရှိလို့ပါလဲ အိမ်ရှေ့စံ"
"မနက်ဖြန်မြို့ပြင်ထွက်မလို့။ လိုက်ပို့မယ့်လူမရှိလို့။ ကိုလဲလမ်းတွေကောင်းကောင်းမသိဘူးလေ"
"အစေခံတစ်ယောက်ကိုခေါ်သွားလိုက်ပါ အိမ်ရှေ့စံ"
"ကိုကမင်းနဲ့သွားချင်တာ"
"မနက်ဖြန်ကြရင်အမတော်တို့နဲ့မယ်တော် ခမည်းတော်တို့အတွက်လက်ဆောင်ပေးဖို့ လက်လုပ်ပစ္စည်းလုပ်စရာရှိပါတယ်"
"ဒါဆိုကိုအဲ့ကိုလာခဲ့မယ်။ ပါဝင်ပစ္စည်းတူတူဝယ်ကြမယ်"
"အိမ်ရှေ့စံသဘောပါ။ ဒါဆိုပြန်ပါတော့"
"မောင်းထုတ်နေတော့တာပဲ ပြန်မယ်"

"ရီဟွား ထပါတော့။ ညကနောက်ကျမှအိပ်လို့မနက်ကျစောစောမနိုးတာမလား"
"ထပြီ ထပြီ"
"မင်းလီအိမ်ရှေ့စံရောက်လာကြောင်းပါ"
"ဝင်ခိုင်းလိုက်.. ဟင် ခတ ဘယ်သူ??"
"မင်းလီအိမ်ရှေ့စံကိုရီဟွားကဝင်ခိုင်းလိုက်တာ"
"ကိုယ့်ကိုဝင်ခိုင်းတာအံ့ဩစရာ.."

ရီဟွားမှာအိပ်ချင်မူးတူးနှင့်ထလာသောကြောင့်ဘယ်သူမှန်းမသိပဲဝင်ခိုင်းလိုက်တာဖြစ်သည်။ ပြီးမှထိုအိမ်ရှေ့စံမှန်းသိလေသည်။ ထို့အပြင်ရီဟွားကအိပ်ယာနိုး၍အဖြူရောင်အဝတ်ပါးပါးလေးသာဝတ်ထားခြင်းဖြစ်သည်။ ယီရှင်းကပြောရင်းတန်းလန်းရပ်သွားပြီးချက်ချင်းနောက်ကိုလှည့်လိုက်သည်။

"မနက်စောစောကိုယ့်ကိုမြူဆွယ်နေတာလား"
"ထွက် ထွက် မှားဝင်ခိုင်းမိတာ သွား"
"ယောက်ကျားတစ်ယောက်ကမနက်ပိုင်းမှာ ကာမစိတ်အပြင်းထန်ဆုံးတဲ့။ ထပ်မြူဆွယ်ရင်ကိုယ်အာမမခံနိုင်ဘူး"
"ရှင့်ရဲ့လက်တွေကိုဓားနဲ့အစိုက်မခံချင်ရင်တံခါးဝကနေထွက်သွားလိုက်တော့"
"ကိုယ်ကြောက်ပါတယ် ကိုယ်ကြောက်တယ်"

"အဝါရောင်နဲ့အဖြူရောင်အဝတ်ကိုဝတ်မှာလား ရီဟွား"
"အင်း ဟွားအဲ့ဒါပဲဝတ်မယ်။ ပြီးတော့ဆံပင်ကိုတစ်ဝက်ချပေး"
"ဟုတ် ရီဟွား"

"သွားမယ်။ ခုနကတွေ့လိုက်တာတွေကိုအကုန်မေ့လိုက်ပါ"
"ပြန်ပြန်မြင်ယောင်နေတာ"
'ရွှီး ချွင်~'
ဝမ်ရှီးကလှည်းပေါ်တက်နေရာကနေသူ့ရဲ့ခေါင်းပေါ်ကဆံထိုးကိုဖြုတ်ပြီး ယီရှင်းလှည်းပေါ်တက်ရန်ကိုင်ထားသောလက်ရန်းပေါ်သို့ပစ်လွှတ်လိုက်တာဖြစ်ပြီး လက်ကိုနဲနဲလေးလွဲကာစိုက်သွားလေသည်။

Villain Girl (Arc-1)Where stories live. Discover now