Part (11)

5.1K 458 1
                                    

အနောက်ဘက်ဂိတ်တွင်

"မင်းတို့ဘာလိုချင်တာလဲ"
"လျန်ရီဟွားလို့ဘယ်နှခါပြောရမှာလဲ"
"မင်းကလက်ဆက်ပြီးသား ငါတို့သမီးကိုစိတ်မချနိုင်ဘူး"
"ကျနော်ကတော့လိုချင်တာကိုရအောင်ယူမယ် ဒါမှမဟုတ် ဒီအစေခံလေးရော"

ပြောရင်းဆိုရင်းနဲ့ဒုန်းစီအိမ်ရှေ့စံကမြင်းပေါ်ကဆင်းလိုက်ပြီး ဓားကိုထုတ်လိုက်ကာဝမ်ရှီးကိုဓားမြှောင်သုံးတတ်အောင်သင်ပေးတဲ့ မိန်းကလေးစစ်သည်ယောင်ရှီရဲ့လည်ပင်းကို ဓားနဲ့ထိလိုက်သည်။

ဝမ်ရှီးကအခြေအနေအားလုံးကိုနောက်မှတိတ်တဆိတ်စောင့်ကြည့်နေခဲ့ပြီး ယောင်ရှီရဲ့လည်ပင်းကိုဓားနဲ့ထောက်လိုက်တဲ့အခါမှတော့ ရပ်ကြည့်မနေနိုင်တော့ဘဲအရှေ့သို့ထွက်လိုက်လေသည်။

"ယောင်ရှီ့လည်ပင်းပေါ်ကဓားကိုဖယ်လိုက်ပါ"

ဝမ်ရှီးရဲ့ထွက်ပေါ်လာမှုကလူတိုင်းကိုအံ့ဩသွားစေသည်။ ဝမ်ရှီးကိုစိတ်ပူနေမှုကြောင့်ယီရှင်းက ဝမ်ရှီးရဲ့အရှေ့မှာပိတ်ရပ်လိုက်လေသည်။

"ပိတ်မရပ်ထားသင့်ဘူးထင်တယ်"
ဒုန်းစီအိမ်ရှေ့စံကပြောရင်းနဲ့ယောင်ရှီရဲ့လည်ပင်းကိုနဲနဲထိရှသွားစေသောကြောင့် သွေးတွေထွက်လာလေတော့သည်။

ဝမ်ရှီးကရှေ့မှာပိတ်ရပ်နေတဲ့ယီရှင်းရဲ့ခြေထောက်ကိုကန်လိုက်ပြီး ဘေးကိုတွန်းလွှတ်လိုက်လေသည်။ ယီရှင်းကအလစ်သုတ်တိုက်ခံရခြင်းကြောင့် ဘာမှပြန်လုပ်ဖို့အချိန်မရလိုက်ပေ။

ထို့နောက်ဝမ်ရှီးကရှေ့သို့တက်လိုက်ပြီး ဒုန်းစီအိမ်ရှေ့စံနဲ့မျက်နှာချင်းဆိုင်မတ်တပ်ရပ်လိုက်သည်။

"ဟွားကလျန်ရီဟွားပဲ။ ယောင််ရှီရဲ့လည်ပင်းမှာထောက်ထားတဲ့ဓားကို အခုချက်ချင်းဖယ်လိုက်ပါ။ ဒုန်းစီအိမ်ရှေ့စံ စီလျှိုဝမ်"

လျှိုဝမ်ကသူ့ရဲ့ရှေ့မှာမတ်တတ်ရပ်နေတဲ့အရပ်ပုပုနဲ့ရဲရင့်ပြနေတဲ့ချစ်စရာကောင်မလေးရဲ့ မိတ်ကပ်များလိမ်းခြယ်ထားခြင်းမရှိတဲ့မျက်နှာလှလှလေးကို ကြည့်နေမိသည်။ ထိုမိန်းကလေးကဆံပင်ကိုဖရိုဖရဲနဲ့ မြင့်မြင့်စီးထားပြီး ချယ်ရီပန်းထိုးထားတဲ့အဖြူရောင်ဝတ်စုံကိုဝတ်ထားသည်။

Villain Girl (Arc-1)Where stories live. Discover now