Part (15)

5.1K 443 0
                                    

"ကိုလဲလွမ်းနေခဲ့တာ ဟွား"

ဝမ်ရှီးကရှက်ပြီးမျက်နှာလွှဲလိုက်တော့ယီရှင်းက

"ကိုအောက်ခြေစစ်သားအဖြစ်ကနေတိုင်းပြည်ရဲ့အရေးအကြီးဆုံး စစ်သူကြီးနေရာရောက်ဖို့အချိန်နှစ်နှစ်ခွဲကြာခဲ့တယ်။ ကိုစစ်သူကြီးဖြစ်ပြီးတစ်လမကြာပါဘူး။ ဒုန်းစီတိုင်းပြည်ကကိုမရှိတဲ့အချိန်လာပြီးသိမ်းသွားတယ်။ ကိုယ့်ကိုတွေ့တာနဲ့သတ်ဖို့ဝရမ်းထုတ်ထားတဲ့အတွက် ကိုယ့်မိဘတွေကိုသွားမကယ်နိုင်ခဲ့ဘူး။ ထွက်ပြေးလွတ်မြောက်လာတဲ့ကိုယ့်စစ်သားခုနှစ်ယောက်နဲ့ ကိုနဲ့ ကိုယ်တို့ရှစ်ယောက်အစောင့်တပ်နဲတဲ့နေရာကိုဝင်ဖျက်ခဲ့တယ်။ ပြီးတော့ကိုယ့်မိဘတွေကိုကယ်လာခဲ့တယ်။ လုံခြုံတဲ့တစ်ခုတည်းသောနေရာကရှီချန်းတိုင်းပြည်ပဲရှိတော့ အဲ့ကိုရောက်အောင်ပို့ပြီးတာနဲ့ကိုအမြန်ပဲဒီကိုလာခဲ့တယ်"

"အင်း။ ဒီအကြောင်းတွေခနမေ့ထားရအောင်။ အေးဆေးရှိတော့မှဒီအကြောင်းတွေပြန်ပြောပြကြမယ်လေ။ တစ်ခုတောင်လှို့ဝှက်ထားဖို့မစဉ်းစားနဲ့နော်"

"မလှို့ဝှက်ရဲပါဘူးဗျာ"

ယီရှင်းကငါးကင်တွေကိုဝမ်ရှီးကိုသာများများကျွေးပြီးတော့ ပြောသည်က "မင်းလေးအားပြည့်အောင်စားထားလေကွာ" တဲ့။

ဝမ်ရှီးနဲ့ယီရှင်းကစကားတွေရယ်မောပျော်ရွှင်စွာပြောနေခဲ့ကြလေသည်။ ပြီးတော့အိပ်ရန်ယီရှင်းကဝမ်ရှီးရဲ့ပေါင်ပေါ်လှဲအိပ်လိုက်လေသည်။

ယီရှင်းအိပ်ပျော်သွားစေရန်ဝမ်ရှီးကယီရှင်းရဲ့ခေါင်းလေးကိုဖွဖွလေးပွတ်ပေးနေလေသည်။ ယီရှင်းကပြုံးပြီးစကားပြောနေရင်းကအသံတွေတဖြည်းဖြည်းတိုးသွားပြီး အိပ်ပျော်သွားဟန်ရလေသည်။

ဝမ်ရှီးကအိပ်ပျော်သွားတဲ့ယီရှင်းရဲ့မျက်ခုံးနားကအမာရွတ်လေးရယ် နှုတ်ခမ်းနားကထိုးခံထားရတဲ့သွေးစို့ဒဏ်ရာကိုထိကြည့်နေမိသည်။

ထို့နောက်အောက်ကိုဆက်ကြည့်မိတော့ပုခုံးပေါ်ကအဝတ်စီးထားတဲ့ဓားဒဏ်ရာတစ်ခု အရင်ကအမြဲနူးညံ့တဲ့လက်လေးကအသားမာတွေ အရင်ကဖြူဖွေးသန့်ရှင်းနေတဲ့ခြေထောက်လေးတွေကအခုတော့ဘယ်ဘက်ကခြေချောင်းလေးတစ်ချောင်းကငုတ်တိုလေးသာကျန်နေခဲ့သည်။

Villain Girl (Arc-1)जहाँ कहानियाँ रहती हैं। अभी खोजें