Part (4)

6.6K 624 3
                                    

"ရီဟွား ရီဟွား ထပါတော့"
"ဟင်..အင်း"
"ရေချိုးကိုယ်လက်သန့်စင်ဖို့ပြင်ဆင်ထားပြီးပါပြီ"

ဝမ်ရှီးရေချိုးသန့်စင်ရင်းစဉ်းစားနေမိသည်က 'ငါဒီတိုင်းဆက်သွားရင် အရင်ကလျန်ရီဟွားကိုမေ့သွားပြီးအခုလျန်ရီဟွားကိုပဲမှတ်မိကြလိမ့်မယ်'

"ရီဟွား ပန်းရောင်လေးဝတ်မလား အပြာရောင်လေးဝတ်မလား"
"အဝါရောင်" "ဘာလို့လဲ"
"ဟွားကအဝါရောင်ကိုအကြိုက်ဆုံးပဲ"
"ယုချီမှတ်ထားပါ့မယ်"

ဝမ်ရှီးဟာလက်မှုပညာနှင့်တူရိယာတီးနည်းတို့ကို ကြိုစားပမ်းစားသင်ယူနေခဲ့ပြီးစာရေးစာဖတ် ကိုပါပိုမိုတိုးတက်လာအောင်သင်ယူခဲ့တာ သုံးလပြည့်လုနီးနီးပင်ဖြစ်လာလေပြီ။ တစ်နေ့ထက်တစ်နေ့ တစ်မနက်ထက်တစ်မနက် နန်းတွင်းတွင်သာမကနန်းပြင်မြို့တော်ထဲထိပါ လျန်ရီဟွားရဲ့ဂုဏ်ကျက်သရေတွေကမွှေးပျံ့လာလေသည်။ 'အဝတ်တွေနဲ့လက်ဝတ်တန်ဆာတွေကိုအစေခံများအားပေးသည့်သခင်မလေး' 'ဘာမဆိုသင်ယူတက်မြောက်လွယ်သည့်သခင်မလေး' 'ကိုယ်ခံပညာတွင်ထူးချွန်ရုံသာမကတူရိယာ၊လက်မှုပညာပါထူးချွန်သည့်သခင်မလေး' 'ရှီချန်းတိုင်းပြည်ရဲ့ရှားပါးသောဆံပင်နက်မှောင်လေး' ဟူ၍ချီးကျူးခံရလေတော့သည်။

ယခုအချိန်တွင်လှပတင့်တယ်အဘက်ဘက်မှာတော်၍ ကလေးဆန်တဲ့လျန်ရီဟွားကိုသာလူအများသိကြပြီး
ယခင်သုံးလကရက်စက်ကြမ်းတမ်းယုတ်မာသည့်လျန်ရီဟွားကိုမူ မည်သူမှမမှတ်မိတော့။ ဝမ်ရှီးဟာလျန်ရီဟွားအတွက်တိုင်းပြည်တစ်ခုလုံးရဲ့ယုံကြည်မှုကိုရယူနိုင်ခဲ့သည်။

"နောက်သုံးရက်နေရင်မင်းလီတိုင်းပြည်ကအိမ်ရှေ့စံနဲ့မဟာမိတ်အဖြစ်နဲ့လက်ဆက်ဖို့သမီးတော်တစ်ယောက်ကိုဆက်သပေးရမယ်။ အဲ့အတွက်အကြီးဆုံးသမီးတော် ရီရန်ကိုလက်ဆက်စေချင်တယ်။ သားတို့သမီးတို့သဘောကရော"
"မင်းသမီးဆိုတာနိုင်ငံကိုအလုပ်အကျွေးပြုဖို့မွေးဖွားလာတာဖြစ်တဲ့အတွက် သမီးတော်မငြင်းဝံ့ပါ"
"သမီးတော်ရီဟွား ကငြင်းပါ့ရစေ။ အမတော်ရီရန်ကမမြင်ဖူးသေးတဲ့လူတစ်ယောက်နဲ့လက်ဆက်ဖို့ကမဖြစ်နိုင်ပါဘူး ခမည်းတော်။ မင်းလီတိုင်းပြည်အိမ်ရှေ့စံက ဒီရှီချန်းတိုင်းပြည်မှာသုံးလခန့်နေမယ်လို့သိရကြောင်းပါ။ မင်းလီတိုင်းပြည်အိမ်ရှေ့စံဖြစ်သူကပဲဘယ်သူ့ကိုလက်ဆက်သင့်လဲဆိုတာရွေးသင့်ကြောင်းပါ"
"ညီမတော်ရီဟွားပြောတာကိုသမီးတော် ချိုက်ရာလက်ခံကြောင်းပါ"
"သားတော်အိမ်ရှေ့စံရောပါပဲ။ မမြင်ဖူးတဲ့လူတစ်ယောက်နဲ့သားတော်ရဲ့အဖိုးတန်တဲ့ညီမတွေနဲ့လက်မဆက်ပေးနိုင်ကြောင်းပါ"
"သမီးတော်ဟွားပြောတာကျိုးကြောင်းသင့်လျော်ပေတယ်။ မနက်ဖြန်မင်းလီတိုင်းပြည်အိမ်ရှေ့စံကိုကြိုဆိုဖို့ရာအကုန်လုံးခန်းမရှေ့သို့ထွက်လာစောင့်ပေ"
"အမိန့်တော်အတိုင်းပါ အရှင်"

Villain Girl (Arc-1)Where stories live. Discover now