Part (2)

10.5K 656 3
                                    

ဝမ်ရှီးနိုးထလာတော့သူ့ဘေးတစ်ဝိုက်မှာမှောင်မိုက်နေသည်။ သူထိုင်နေသည့်ကုလားထိုင်တစ်ခုကိုသာအလင်းများဖြာကျနေသည်။ ဘေးနားတစ်ဝိုက်အမှောင်အတိ။ ထို့နောက်အမှောင်ထဲမှအသံတစ်သံထွက်ပေါ်လာသည်။ ထိုအသံမှာမိန်းမအသံမှန်းယောက်ကျားအသံမှန်းခွဲခြား၍မရပေ။

"ကျနော့်နာမည်က027ပါ။ hostကအခုရေကန်ထဲပြုတ်ကျပြီးမေ့မျောနေတယ်။ hostကမကြာခင်သေတော့မယ့်လူပါ။ hostကရေထဲမပြုတ်ကျခင်ကျနော်တို့systemနဲ့ချိတ်ဆက်ပေးမယ့်အချက်ပြချက်တစ်ခုကိုဖန်တီးလိုက်တာကြောင့် hostကအခုကျနော်နဲ့တွေ့နေရတာပါ"
"ဘာတွေပြောနေတာလဲ ငါနားမလည်တော့ဘူး"
"Hostနားလည်ပါတယ် ကျနော်ထပ်မပြောနိုင်ဘူး"
"ဘယ်လိုစောက်ကြောတင်းတဲ့systemလဲ"
"Host ကျနော်ကြားရပါတယ်"
"ပြောစရာရှိတာသာဆက်ပြောစမ်းပါ"
"Hostမှာရွေးခြယ်စရာနှစ်ခုရှိပါတယ်။ ရွေးခြယ်ပေးပါ"

ဝမ်ရှီးခေါင်းပါ်မှာ 'missionနှင့်အသက်ဆက်ရှင်မည်' နှင့် 'ဝိညည်ဘဝတွင်နေကာသေမည်' ဟု၍လေးထောက့်ကွက်နှစ်ကွက်ပေါ်လာသည်။ဝမ်ရှီးလဲမစဉ်းစားတော့ပဲ 'missionနှင့်အသက်ရှင်ရန်'ကိုနှိပ်ကာရွေးလိုက်လေတော့သည်။

"Hostရွေးခြယ်မှုကိုအတည်ပြုပြီးပါပြီ။ ကမ္ဘာသစ်သို့ကူးပြောင်းခြင်းစတင်ပါပြီ"

ထို့နောက်ဝမ်ရှင်းတစ်ကိုယ်လုံးလေထဲလွင့်ထွက်သွားသလိုခံစားရပြီး ချက်ချင်းပင်အိပ်နေသည့်အနေအထားသို့ရောက်သွားတော့သည်။ ဝမ်ရှင်းမှာခေါင်းတွေထိုးကိုက်လွန်းလို့မျက်လုံးပင်မဖွင့်နိုင်သေးပင်။ ထိုအချိန်

"မှတ်ညာဏ်လွှဲပြောင်းခြင်းစတင်ပါပြီ"

ထိုအသံကြားပြီးတာနှင့်တစ်ပြိုင်နက်ခေါင်းထဲသို့အချေက်အလက်များစုပြုံကာဝင်လာလေတော့သည်။ ဝမ်ရှင်းသည်ရှေးခေတ်သို့ရောက်သွားခြင်းဖြစ်ပြီး ဝမ်ရှင်းဝင်ထားတဲ့ခန္ဒာကိုယ်ရဲ့နာမည်က လျန်ရီဟွား ဟုခေါ်သည်။ လျန်ရီဟွားကဘုရင့်သမီးတော်သုံးယောက်အနက်အငယ်ဆုံးသမီးဖြစ်ပြီး ဘုရင်၏အလိုလိုက်ဆုံးခံရသူဖြစ်သည်။
ထိုဘုရင်တွင်သမီးတော်သုံးယောက် သားတော်တစ်ယောက် မိဖုရားသုံးပါးရှိသည်။

Villain Girl (Arc-1)Tempat cerita menjadi hidup. Temukan sekarang