Part (12)

5.1K 483 2
                                    

"ဒီခွေးမျိုးတွေကိုအခုချက်ချင်းသုတ်သင်လိုက်စမ်း"

ယီရှင်းရဲ့အသံထွက်လာတာနဲ့တစ်ပြိုင်နက်တံတိုင်းနံရံနောက်မှာကွယ်ရပ်နေတဲ့ စစ်သည်ပေါင်းမြောက်များစွာကထွက်လာပြီး အနောက်ဘက်ဂိတ်ရဲ့မြက်ခင်းပြင်ကြီးမှာသွေးတွေနဲ့လွှမ်းမိုးသွားလေတော့သည်။

လျန်ပိုလင်ကစစ်သည်များကိုအမိန့်ပေးနေပြီး ယီရှင်းကတော့သူ့ရဲ့လက်မောင်းတွေကြားထဲမှ နုနုဖက်ဖက်အကောင်သေးလေးကိုချီကာအမြန်ပင်သမားတော်ဆီပြေးနေမိလေသည်။

ဝမ်ရှီးရဲ့မျက်လုံးတွေလေးနေပြီမို့မနဲစိတ်ကို အားတင်းကာသတိမမေ့အောင်ကြိုးစားနေရလေသည်။ မျက်လုံးတွေဝါးနေပေမယ့်ယီရှင်းရဲ့ခန့်ညားတဲ့မျက်နှာလေးကိုအားတင်းကာ လက်ကိုမြှောက်ပြီးဖွဖွလေးကိုင်မိလိုက်လေသည်။

ယီရှင်းအလောတကြီးပြေးနေမိစဉ်မျက်နှာကိုလာကိုင်သောလက်ပိစိလေးကြောင့် လန့်သွားသောလဲအခန်းထဲအမြန်ပြေးဝင်ကာကုတင်ပေါ်တင်ထားလိုက်ပြီး သမားတော်ကိုစမ်းသပ်စေလေသည်။

'အာ့ နာတယ်။ ဆရာဝန်ကဆေးထည့်ပေးနေတာလား။ ဖြည်းဖြည်းမထည့်ဘူး။ ငါသေရတော့မှာလားဟင်။ မစ်ရှင်မအောင်မြင်သေးဘူးထင်တယ်'

ဝမ်ရှီးစိတ်ထိန်းကာသတိမမေ့အောင်အားတင်းထားသော်လဲ မကြာပေ။ ဝမ်ရှီးရဲ့မျက်လုံးလေးတွေပိတ်ကာသတိလစ်သွားလေတော့သည်။ ဝမ်ရှီးနောက်ဆုံးမြင်လိုက်ရတဲ့အရာက သူ့ရဲ့မျက်လုံးတွေ။ သူ့မျက်လုံးမှာစိုးရိမ်မှုတွေအပြည့်နဲ့...

"ဟွား နိုးလာပြီလား? ဟွား ဟွား"

လက်လေးတွေနဲနဲလှုပ်သွားတာကိုယီရှင်းကပျော်ရွှင်စွာ နာမည်ကိုအော်ခေါ်နေလိုက်သည်။

ဝမ်ရှီး နိုးနိုးချင်းကြားလိုက်ရတာကယီရှင်းကသူ့နာမည်ကိုခေါ်နေတဲ့အသံ နိုးနိုးချင်းခံစားလိုက်ရတာကမျက်နှာပေါ်ကအနာရဲ့ကိုက်ခဲမှု..

"ဟွား နိုးလာပြီလား"
"အင်း။ မယ်တော်ရော"
"ရှိတယ်။ အခုလေးတင်ကိုအနားယူခိုင်းလိုက်လို့အဆောင်တော်ကိုပြန်သွားတာ"
"အင်း။ ဟွား ထချင်တယ်"

Villain Girl (Arc-1)Hikayelerin yaşadığı yer. Şimdi keşfedin