Part (7)

5.7K 566 3
                                    

ရီဟွားဆိုတဲ့ဗီလိန်ဇာတ်ကောင်ကအခုလိုဇာတ်လိုက်ရဲ့ချစ်ခင်ခြင်းကိုခံရတာ ဝမ်ရှီးကတော့အံ့ဩနေသည်။ ဒီနေ့လဲရီဟွားကိုရဖို့အကိုတောင်ပိုလင်စီစဉ်တဲ့ လေးမြှားပစ်ပြိုင်ပွဲနဲ့ ဓားရေးပြိုင်ပွဲကိုကျင်းပမှာဖြစ်သည်။ အကိုတော်ပိုလင်နဲ့မြှားပစ်ပြိုင်ရမှာဖြစ်ပြီး ရှီချန်းတိုင်းပြည်ကအတော်ဆုံးစစ်သည်တော်တွေနဲ့ ဓားရေးပြိုင်ကာမြင်းစီးပြိုင်ရမှာဖြစ်လေသည်။ ရီဟွားကအပြာနုရောင်အဝတ်ကိုဝတ်ဆင်ထားပြီးဆံပင်ကိုသပ်သပ်ရပ်ရပ်ပင်ကျစ်ဆံမြှီးကျစ်ထားလေသည်။

ရီဟွားရောက်လာတော့မြိို့တော်ထဲမှလူအတော်အများကရီဟွားရဲ့အလှမှာနစ်မြောနေမိကြသည်။ ဘယ်မြို့တော်ကလူတွေကများဒီလှပတဲ့ညီအမသုံးယောက်ကိုမငေးကြည့်ပဲနေနိုင်ပါ့မလဲ။ ရီဟွားကနေရာမှာထိုင်ပြီးအမတော်များနဲ့မမတော်ခမည်းတော်တို့ကိုနှုတ်ဆက်လိုက်သည်။ မကြာမီပင်လေးမြှားပစ်ပြိုင်ပွဲစတင်ပြီး အကိုတော်ကမြှားကိုပစ်လိုက်သည်မှာစက်ကွင်း၏အလယ်ဗဟိုတည့်တည့်ကိုကျပြီး နောက်နှစ်ချောင်းကလဲအလယ်ဗဟိုတည့်တည့်ကိုကျလေသည်။

ယီရှင်းကမြှားတစ်ချောင်းကိုပစ်လိုက်ရာအလယ်ဗဟိုတည့်တည့်သို့စိုက်ဝင်သွားပြီးနောက်တစ်ချောင်းကိုပစ်လိုက်ပြီးသည်နှင့်တစ်စက္ကန့်မကွာပဲ နောက်တစ်ချောင်းကိုပစ်လိုက်သောကြောင့် ပစ်မှတ်တော့လွဲပြီဟုထင်နေကြသော်လဲမင်းလီအိမ်ရှေ့စံ၏ အရည်အချင်းပြည့်ဝမှုကြောင့်လူအများအံ့ဩကုန်ကြ၏။ ယီရှင်းပစ်လိုက်တဲ့မျှားနှစ်ချောင်းကပထမပစ်လိုက်တဲ့မြှားရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာဖြောင့်တန်းစွာနေရာယူထားလေသည်။

မြို့တော်မှကောင်မလေးများကလဲယီရှင်း၏ချောမောခန့်ညားမှုမှာနစ်ဝင်လျက်ရှိလေသည်။ ရီဟွားလဲယီရှင်းရဲ့အရည်အချင်းကိုအံ့ဩနေမိသည်။ အဓိကဇာတ်ကောင်ကအရာရာပြီးပြည့်စုံတာကိုသိပေမယ့်ဒီလောက်ထိ တော်မယ်မှန်းမထင်ထားခဲ့သည်မှာအမှန်ပေ။

မြှားပြိုင်ပွဲတွင်ယီရှင်းအနိုင်ရသည်ဟုသက်မှတ်လိုက်ပြီး ဓားရေးပြိုင်ပွဲအတွက်ရှီချန်းတိုင်းပြည်ရဲ့အတော်ဆုံးစစ်သည်ကထွက်လာလေသည်။ အချင်းချင်းဂါဝရပြုပြီးနောက်တစ်ယောက်နဲ့တစ်ယောက်စတိုက်ကြလေတော့သည်။ အစပိုင်းမှာယီရှင်းကအားမသာ၍အကုန်လုံးကယီရှင်းရှုံးပြီဟုထင်ထားသော်လဲ ယီရှင်းကအချိန်ဆွဲနေတာဖြစ်မှန်းတစ်ဖြည်းဖြည်းနဲ့သိသွားကြတော့လေသည်။ ယီရှင်းကစစ်သူကြီးအားကုန်သုံးနေတာကိုရှောင်ကာထိုလူအားကုန်သွားမှ တန်စစ်ပြန်တိုက်တာဖြစ်လေသည်။ ထို့ကြောင့်ယီရှင်းကပွဲမှာအနိုင်ရသွားပြန်လေသည်။

Villain Girl (Arc-1)Where stories live. Discover now