Part (13)

5K 466 2
                                    

"လျန်ရီဟွား ဒီနေ့တစ်ရက်ပဲကိုယ့်ကိုအချိန်ပေးပါ။ ဒီတစ်ရက်ပဲ ဒီတစ်ရက်လေးပဲနောက်ဆုံးအနေနဲ့ကိုနဲ့တူတူရှိနေပေးပါ"

ယီရှင်းရဲ့စကားကြောင့်ဝမ်ရှီးလန့်သွားကာယီရှင်းကိုမော့ကြည့်လိုက်လေသည်။ ဝမ်ရှီးကမသိမသာခေါင်းငြိမ့်ပြလိုက်တာနဲ့ယီရှင်းက ညီလာခံခန်းမထဲကထွက်သွားပြီးတံခါးကိုဝုန်း ခနဲပိတ်သွားလေတော့သည်။

ညီလာခံကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ကြပြီးယီရှင်းရဲ့မိဘတွေကတော့ စိတ်ပျက်မှုအပြည့်နဲ့ပြန်သွားကြလေသည်။

ဝမ်ရှီးကယီရှင်းကိုဘယ်နားရှာရမလဲမသိပဲဖြစ်နေစဉ် ယီရှင်းနဲ့အမြဲတွေ့နေကြချယ်ရီပင်လေးကိုသတိရမိသွားပြီး ထိုချယ်ရီပင်လေးအောက်ရပ်စောင့်နေမိသည်။

"မင်းနေရာမှန်ကိုလာခဲ့တာပဲ"

ဝမ်ရှီးကခေါင်းကိုငုံ့ထားရာမှသူ့ရဲ့နောက်မှအသံခပ်ဩဩကိုကြားလိုက်ရသောကြောင့် နောက်ကိုလှည့်ကြည့်လိုက်သော်လဲ ယီရှင်းကခါးလေးကိုဆွဲဖက်လိုက်သောကြောင့်
နောက်လှည့်၍မရတော့ချေ။ ဝမ်ရှီးကရုန်းတော့

"ရုန်းရလောက်တဲ့ထိကိုယ့်ကိုမုန်းနေတာလား။ တောင်းပန်ပါတယ် ဒီတိုင်းလေးပဲခနနေရအောင်"
"အင်း"

ထိုအချိန်လေတွေကပြင်းထန်စွာတိုက်လာတာနဲ့အတူ ချယ်ရီပွင့်လေးတွေကအောက်ကိုကြွေကျလာလေတော့သည်။

ဝမ်ရှီးကလှပတဲ့ချယ်ရီပွင့်လေးတွေကြွေကျလာတာကိုနှမြောတသနဲ့ လက်လေးတွေနဲ့ယုယစွာချယ်ရီပွင့်ဖက်လေးများကိုဖမ်းနေပြီး ယီရှင်းကတော့တန်ဖိုးကြီးရတနာတစ်ခုအတိုင်းပျောက်ကွယ်သွားတော့မည့်လူလိုမျိုး တင်းကြပ်စွာဖက်ထားလေသည်။

နဲနဲကြာတော့ယီရှင်းကဖက်ထားတာကိုလွှတ်လိုက်ကာ လက်ကိုယုယညင်သာစွာကိုင်ပြီး

"ကိုမင်းလီအိမ်ရှေ့စံမဟုတ်တော့ဘူး။ ကိုမင်းလီတိုင်းပြည်စစ်သူကြီးဖြစ်လောအောင်ကြိုးစားပါ့မယ်။ နေရာတစ်ခုခိုင်ခိုင်မြဲမြဲရပြီးတာနဲ့ မင်းကိုလာတောင်းမယ်။ အချိန်တစ်ခုပါပဲ။ အချိန်တစ်ခုလောက်ကိုယ့်ကိုစောင့်နေပေးနိုင်မလား"

Villain Girl (Arc-1)Where stories live. Discover now