Part (8)

5.5K 531 1
                                    

လျန်ရီရန်ကိုတခြားမြို့တော်မှစာပေပညာရှင်တွေကပန်းများ လက်ဆောင်များလာပေးသော်လဲရီရန်ကစိတ်တိုလျက်သာရှိလေသည်။ ရီရန်ကညရောက်ရင်တော့လျန်ရီဟွားနဲ့စကားပြောရမည်ဟုဆုံးဖြတ်ချက်ချလိုက်လေသည်။

တစ်ဖက်မှာဝမ်ရှီးကယီရှင်း၏လုပ်ရပ်အပြီးတွင်အမြန်ပင်ထွက်ပြေးသွားလေသည်။ ထို့နောက်ခမည်းတော်မှခေါ်သည်ဆို၍ခမည်းတော်ဆီသွားတော့ဘေးမှာ ယီရှင်းကထိုင်နေလေသည်။ ခမည်းတော်မှ

"ဟွားနဲ့မောင်ရင်တို့ဘယ်အချိန်လက်ဆက်မလဲ"
"ခမည်းတော်စီရင်ပေးပါ။ ဟွားမဆုံးဖြတ်ချင်ပါဘူး"
"မောင်ရင်ကရော"
"ကျနော့်မယ်တော်နဲ့ခမည်းတော်ရှီချန်းတိုင်းပြည်ကိုလာတဲ့နေ့ကျရင် ဟွားကိုမိတ်ဆက်ပေးပြီးလူကြီးချင်းစီစဉ်သင့်ကြောင်းပါ"
"မောင်ရင်ပြောတာမှန်တယ်။ နောက်သုံးရက်နေရင်လာမှာဆိုတော့အဆင်ပြေတယ်"
"ဒါဆို ဟွားကိုသွားခွင့်ပြုပါဦး။ အမတော်ရီရန်ကအခေါ်တော်လွှတ်ထားလို့ပါ"
"အေး အေး။ သွားပါ။ သမီးတော်

ဝမ်ရှီးကအမတော်ရီရန်ရဲ့အဆောင်အခန်းကိုသွားတဲ့လမ်းမှာ ယီရှင်းကရပ်စောင့်နေတာကိုတွေ့လိုက်ရလေသည်။ ဝမ်ရှီးအမြင်များမှားသလားလို့ပြန်ကြည့်တော့လဲဒီလူယုတ်မာမှဒီလူယုတ်မာပါ။

ခုနကသေချာပေါက်ဝမ်ရှီးကအရင်ထွက်လာတာလေ။ ဒီလူကသရဲများလား။ အဓိပ္ပာယ်မရှိတာ။ စဉ်းစားနေဆဲမှာပင်ဝမ်ရှီးရဲ့ပုခုံးပေါ်ကိုအလေးချိန်တစ်ခုကကျရောက်လာလေသည်။

ကြည့်လိုက်တော့ယီရှင်းကပုခုံးပေါ်သူ့လက်ကိုတင်ထားပြီး

"ဘယ်သွားမှာလဲ"
"အမတော်ရီရန်ဆီသွားမလို့"
"မနက်ဖြန် စာကြည့်တိုက်မှာတွေ့ရအောင်"
"မနက်ဖြန်မအားဘူး"
"ဘာလို့မအားတာလဲ"
"အားလဲမလာဘူး"

"မလာရင်ကိုမင်းနောက်ကဒီလိုတစ်ကောက်ကောက်လိုက်လာမှာ"
"လိုက်နိုင်ရင်လိုက်ခဲ့ပေါ့"

အမတော်ရီရန်အဆောင်ရောက်တဲ့အထိဘေးကကပ်ပါလာကာစကားတစ်တွတ်တွတ်ပြောနေလေသည်။ မူလဘဝကဖူချန်ကျန့်တောင်ဒီလောက်စကားများလားလို့ပင်စဉ်းစားနေမိလေသည်။

Villain Girl (Arc-1)Where stories live. Discover now