Part (9)

5.3K 513 2
                                    

"ရီဟွား ရီဟွား  မင်းလီအိမ်ရှေ့စံရောက်နေသောကြောင့်ထတော်မူပါ"
"အစောကြီးကို အဲ့ကောင်ကဘာလာလုပ်တာလဲ"
"မင်းသမီးတစ်ယောက်ကအပြောအဆိုဆင်ခြင်သင့်ကြောင်းပါ"
"အေးပါ အေးပါ။ ထမယ်"

ဝမ်ရှီးကအဝတ်လဲပြီးအပြင်ထွက်လိုက်တော့အရှေ့မှာ ယီရှင်းကမတ်တတ်ရပ်ကာစောင့်နေလေသည်။

"ရီဟွား ဒီနေ့ဘာလုပ်စရာရှိလဲ"
"လုပ်စရာအစီအစဉ်တွေအပြည့်ရှိတယ်"
"မင်းအစေခံပြောတာက မင်းဒီတစ်နေ့လုံးအားတယ်တဲ့"
"အဲ့ဆိုလဲအားတယ်ပဲထားပါတော့"

"ဒီနေ့မြို့တော်ထဲမှာမိဖုရားနဲ့ဘုရင်တို့လှည့်လည်ပွဲရှိတယ်။ ကိုနဲ့တူတူသွားရအောင်"
"အိုကေ။ လိုက်ခဲ့မယ်"
"အိုကေ ကဘာကြီးလဲ"
"လက်မနဲ့လက်ညိုးနဲ့ကို ထိပြီးဝိုင်းလိုက်ရင်အိုကေပေါ့"

"နားမလည်ပေမယ့်ထားလိုက်ပါတော့"

ဝမ်ရှီးကအိမ်ရှေ့စံကိုစနောက်ရတာပျော်နေလသည်။ ထို့နောက်ဝမ်ရှီးကအကိုတော်ပိုလင်ဆီသွားကာ သူ့ရဲ့တူလေးဖြစ်သူပိုမင်ဆီသွားလေတော့သည်။

"မင်းသားလေး မင်းသားလေးရဲ့မင်းသမီးငယ်လေးရောက်လာကြောင်းပါ"
"တီတီလေး သားကိုချီ"

ဝမ်ရှီးကကောက်ချီလိုက်တာ့ ယီရှင်းကကြောင်ကြည့်နေလေသည်။ ပုံမှန်ဆိုတီတီဟုခေါ်ရမှာမဟုတ်သော်လဲ ဝမ်ရှီးကထိုသို့ခေါ်ရန်သင်ပေးထားသောကြောင့် တီတီလေးဟုသာခေါ်လေတော့သည်။ လူတော်တော်များများကတော့ထိုအခေါ်အဝေါ်ကိုနားမလည်သည်မှာ မထူးဆန်းကြပေ။

"တီတီလေး ဒီအကိုကြီးကဘယ်သူလဲဟင်"
"အော် သူ့ကိုဂရုစိုက်နေပါနဲ့။ ပိုမင်လေး
ကိုသင်တန်းရောက်အောင်လိုက်ပို့ပေးမယ်နော်"
"ဟုတ် တီတီလေး"

ဝမ်ရှီးကလမ်းတစ်လျှောက်ယီရှင်းကိုလုံးဝဂရုမစိုက်ခဲ့ရာ သင်တန်းရောက်တော့ပိုမင်လေးအားနှုတ်ဆက်ကာထွက်ဖို့ပြင်လေသော်လဲ ပိုမင်လေးရဲ့ဆရာကထွက်လာကာ

"မင်းသမီးငယ်လေး မင်းသားလေးကိုကျောင်းလိုက်ပို့တာလား"
"ဟုတ်ပါတယ်"
"ပိုမင်လေးကစာအရမ်းတော်တာဗျ။ သင်တန်းမှာပိုမင်ကအမြဲအမှတ်ပြည့်ရတယ်"
"မင်းသားငယ်လေးကိုဂရုစိုက်ပြီးသင်ကြားပြသပေးပါဦး"
"ဟုတ်ပါပြီကွယ်။ ဒီဘက်ကမင်းလီအိမ်ရှေ့စံဖြစ်မယ်"
"ဟုတ်ပါတယ်။ ကျနော်ကမင်းလီအိမ်ရှေ့စံပါ"
"ဒီဘက်ကမင်းသမီးလေးနဲ့လိုက်ဖက်လှပါတယ်"
"ကျေးဇူးပါဗျ"

Villain Girl (Arc-1)Where stories live. Discover now