Part (14)

5K 451 3
                                    

"အိမ်ရှေ့စံဟောင်းကမင်းလီတိုင်းပြည်ကိုပြန်ယူရန်တိုက်ခိုက်ဖို့ သူ့ရဲ့ခမည်းတော်နဲ့မယ်တော်တို့ကိုနန်းတော်မှာထားခဲ့ပြီး မင်းလီတိုင်းပြည်ကိုပုခုံးပေါ်ကဓားဒဏ်ရာနဲ့ပြန်သွားကြောင်းပါ"

ဝမ်ရှီးနဲ့မယ်တော်ကနန်းတော်ကိုရောက်တော့ မယ်တော်ကခမည်းတော်ရဲ့အစီအစဉ်တွေကိုနားထောင်နေသော်လဲ ဝမ်ရှီးကအကိုတော်ပိုလင်ရဲ့အခန်းထဲကစစ်ဝတ်တန်ဆာနဲ့ဓားကိုယူပြီး ခေါင်းကိုခပ်မြင့်မြင့်စီးကာမြေပုံပါလိုရမယ်ရယူသွားလေသည်။ ထို့နောက်အကိုတော်ပိုလင်ရဲ့မြင်းကိုခိုးစီးကာထွက်သွားလိုက်လေသည်။

နန်းတော်ဂိတ်ရောက်တော့အစောင့်တွေကအကိုတော်ပိုလင်ရဲ့မြင်းကိုတွေ့တာနဲ့ မေးခွန်းမထုတ်နိုင်ပဲတံခါးဖွင့်ပေးလေသည်။

ဝမ်ရှီးတောင်ဘက်ဂိတ်ကိုဦးတည်ကာသွားနေပြီးတောင်ဘက်ဂိတ်နားရောက်တော့ ယီရှင်းအားစစ်ကူပေးရန်ပြင်ထားသောရှီချန်းစစ်တပ်ကြီးကိုတွေ့လိုက်ရလေသည်။

ထို့ကြောင့်လမ်းပေါ်ကနေဆက်မသွားပဲဝမ်ရှီးကတောထဲဝင်ကာ မင်းလီတိုင်းပြည်သို့ဦးတည်ကာအကြောက်အရွံ့မရှိဘဲသွားလေတော့သည်။

တစ်ဖက်ကလျန်ပိုလင်
"ခမည်းတော် ပြသာနာတတ်ပါပြီ။ ရီဟွားကသားတော်ရဲ့စစ်ဝတ်တန်ဆာတွေဓားတွေအပြင် မြင်းကိုပါခိုးပြီးထွက်သွားတယ်"

"ဘာပြောတယ်။ ဒီဟာမလေးကတော့ကွာ။ မင်းလီတိုင်းပြည်ဆီသွားတာပဲဖြစ်မှာ။ အမြန်အသင့်ပြင်ခိုင်းလိုက်စမ်း"
"အရှင် ရီရန်လဲနန်းတော်ကနေပျောက်သွားတာနှစ်ရက်ရှိပြီ။ ပြန်မတွေ့သေးကြောင်းပါ"
"နောက်မှပေါ့ကွာ"

လျန်ပိုလင်တို့ကပြင်ထားတဲ့စစ်တပ်တွေကိုဦးဆောင်ပြီးမင်းလီတိုင်းပြည်သို့ ထွက်ခဲ့လေသည်။ သို့သော်လူများ၍အရမ်းတော့ခရီးမတွင်ချေ။ မင်းလီတိုင်းပြည်နဲ့ရှီချန်းတိုင်းပြည်ဟာသုံးရက်အတိအကျသွားရမှာဖြစ်ပြီး ထိုအချိန်အတွင်းတွင်ယီရှင်းလဲသေသွားနိုင်လေသည်။

ဝမ်ရှီးကမြင်းကိုလုံးဝမနားပဲခရီးထွက်လာခဲ့တာမနက်အာရုဏ်တက်ကနေ အခုညနေနေဝင်ချိန်ရောက်ပြီဖြစ်ပြီး ဝမ်ရှီးကဆက်တိုက်သာဘယ်သူမှဂရုမစိုက်ပဲဆက်သွားနေလေတော့သည်။

Villain Girl (Arc-1)Where stories live. Discover now