Part (5)

6.3K 631 1
                                    

ဝမ်ရှီးသည်ဤကမ္ဘာသို့စတင်ရောက်လာကထဲကနေဝင်ချိန်ညနေတိုင်း ပန်းခြံထဲကချယ်ရီပန်းပင်များအောက်မှာပန်းပွင့်သည်ဖြစ်စေ မပွင့်သည်ဖြစ်စေအမြဲတစ်စေထိုင်လေ့ရှိ၏။ အခုတော့နွေဦးရာသီသို့ကူးပြောင်းလာပြီဖြစ်ကာ ချယ်ရီပန်းများလဲဖူးပွင့်နေကြသည်။ နွေဦးရာသီနှင့်နွေရာသီများတွင်ဝမ်ရှီးသည်ချယ်ရီပင်အောက်တွင် အချိန်အတော်ကြာမျှထိုင်နေလေ့ရှိပြီး စာအုပ်ဖတ်ခြင်း၊ ချည်ထိုးခြင်း နှင့်ဓားရေးလေ့ကျင့်ခြင်း တို့ကိုလုပ်လေ့ရှိသည်။ ထိုသို့အမြဲတစ်စေလာနေခြင်းကြောင့်ယုချီက ထိုင်ခုံတစ်ခုံထားပေးခဲ့သော်လဲ ဝမ်ရှီးမှာမူမြေပြင်ပေါ်မှာသာထိုင်ပြီးချယ်ရီပင်၏ပင်စည်ကိုမှီကာသာနေလေ၏။

ဝမ်ရှီးဒီနေ့ညနေတွင်လဲချယ်ရီပင်အောက်တွင်ဓားရေးလေ့ကျင့်နေလေသည်။ ဝမ်ရှီးသည်အနက်ရောင်နှင့်အနီရောင်အဝတ်ကိုဝတ်ဆင်ထားပြီး ဆံပင်ကိုအပေါ်သို့ထုံးတင်ထားကာမိတ်ကပ်လိမ်းဆင်ထားခြင်းလဲမရှိပေ။ သဘာဝကျစွာလှပနေသောမိန်းမငယ်လေးသည် ချွန်မြလှသောဓားမြှောင်တစ်လက်နှင့်လက်ကိုလှည့်ကာလေ့ကျင့်နေလေသည်။

"ရီဟွား သွားဖို့အချိန်ရောက်ပါပြီ.. ရီဟွား"
"မင်းတို့ရဲ့သခင်မလေးတွေကိုအဲ့လိုနာမည်ကိုခေါ်ရအောင်ရိုင်းပြလိုက်တာ"
ဝမ်ရှီးသည်ဓားရေးလေ့ကျင့်နေပြီး ထိုအချိန်တွင်ယုချီဘယ်လောက်ခေါ်ခေါ်ပြန်လေ့မရှိ။ သို့သော်ကြားလိုက်ငရသောအသံခပ်ဩဩကြောင့်ဝမ်ရှီးဓားကိုရုတ်တရက်လွှတ်ချလိုက်မိရာမှလက်ညှိုးကို ဓားရှသွားကာသွေးများထွက်လာတော့သည်။ သို့သော်ဒဏ်ရာကိုဂရုမစိုက်ပဲအရှေ့ကမင်းလီအိမ်ရှေ့စံကိုကြည့်ကာ

"ဟွားက ရီဟွားလို့ခေါ်ခိုင်းထားတာပါ။ ဘာပြသာနာများရှိလို့ပါလဲ"
"မင်းရဲ့အစေခံတွေကိုအရမ်းအလိုလိုက်လွန်းနေတာမဟုတ်ဘူးလား"
"အလိုလိုက်သင့်တဲ့နေရာမှာအလိုလိုက်ပြီး တင်းကြပ်သင့်တဲ့နေရာမှာတင်းကြပ်ပါတယ်"
"လက်ကိုဆေးလူးပေးမယ် လာခဲ့"
"အိမ်ရှေ့စံနဲ့မသက်ဆိုင်တဲ့ကိစ္စဖြစ်လို့ ကျော်သွားပေးပါ"
"လာစမ်းပါ"
"အိမ်ရှေ့စံ အိမ်ရှေ့စံ"
အိမ်ရှေ့စံကဝမ်ရှီးရဲ့လက်ကိုဆွဲလိုက်ခြင်းကြောင့်မိမိလဲလန့်ဖြတ်သွားမိလေသည်။
"လက်မဆက်ရသေးတဲ့မိန်းကလေးတစ်ယောက်ရဲ့လက်ကောက်ဝတ်ကိုကိုင်တာက ထိုမိန်းကလေးကိုစော်ကားရာကျပါတယ်။ ညီမတော်ရီဟွားရဲ့လက်ကိုလွှတ်လိုက်ဖို့ဒီမင်းသမီးလျန်ရီရန်ကပြောချင်ပါတယ်"
"ကျွတ် စည်းကမ်းတွေကများလိုက်တာ"

အိမ်ရှေ့စံကလက်ကိုလွှတ်ပေးလိုက်တာနဲ့ဝမ်ရှီးလဲ အမတော်နောက်ကိုပြေးပြီးပုန်းတော့သည်။
"ဟွားရဲ့လက်ကဒဏ်ရာရသွားတာမလား။ မမဆေးလူးပေးမယ်။ သွားရအောင်"
"ဟုတ် မမ"

လွန်ခဲ့သည့်နှစ်လလောက်ကစ၍ဝမ်ရှီးသည်အမတော်ရီရန်နှင့်အမတော်ချိုက်ရာတို့ကို 'အမတော်'ဟူသောနာမ်အစား 'မမ'ဟူသောနာမ်ကိုသုံးခွင့်ကိုတောင်းခဲ့ရာ အမတော်များကလဲလွယ်လွယ်ကူကူပင်ခွင့်ပြုပေးခဲ့သည့်အတွက် ထိုအချိန်မှစ၍မမလို့သာခေါ်တော့သည်။ ဝမ်ရှီးသည်အမတော်ရီရန်ဆေးထည့်ပေးသည်ကိုငြိမ်ခံလျက်ရှိကာ
"နောက်တစ်ခါဒဏ်ရာမရစေနဲ့ ဓားကြောင့်ဒဏ်ရာရတာကိုသာခမည်းတော်သိရင် ဟွားကိုဓားရေးလေ့ကျင့်ခိုင်းမှာမဟုတ်တော့ဘူး"
"ဟုတ်ကဲ့ မမ။ ဟွားသတိထားပါ့မယ်"
"အဝတ်အစားတွေသွားလဲတော့။ အိမ်ရှေ့စံကိုညစာကျွေးမွေးတည်ခင်းဖို့မမနဲ့ချိုက်ရာနဲ့လာခေါ်မယ်။ ခရမ်းရောင်အဝတ်ကိုဝတ်ခဲ့ပါ"
"ဟုတ် မမ"

ဝမ်ရှီးသည်ရေချိုးပြင်ဆင်ပြီးနောက် ခရမ်းရောင်အဝတ်ကိုဝတ်ကာမိတ်ကပ်ပါးပါးပဲလိမ်းပြီး ဆံပင်ကိုပေါ့ပေါ့ပါးပါးပင်နှစ်ဖက်ကျစ်ဆံမြှီးကျစ်ထားလေသည်။ ဝမ်ရှီးသည်အမတော်တို့နှင့်ပင်တူတူညစာစားဆောင်သို့သွားလေသည်။ ထိုအခါညစာစားဆောင်တွင်မိမိတို့သုံးယောက်သာ နောက်ကျနေသည်ဖြစ်လေသည်။ ထိုအခါအမတော်ရီရန်က

"နောက်ကျသွားလို့စိုးရွံ့မိပါတယ်"
"ခမည်းတော်တို့လဲရောက်တာမကြာသေးဘူး။ ထိုင်ပါ"
"မောင်ရင် နောက်နှစ်ရက်နေရင်ကိုယ်ရင့်သမီးတော်သုံးပါးထဲကတစ်ပါးကိုစေ့စပ်ကြောင်းလမ်းရတော့မယ်။ ရွေးခြယ်ပြီးပြီလား မောင်ရင်"
"ရွေးခြယ်ပြီးကြောင်းပါ"
"ဘယ်သူပါလဲ မောင်ရင်ရဲ့"
"ခနလေးပဲတွေ့ရပေမယ့်သူ့အကြောင်းကတော်တော်စိတ်ဝင်စားစရာကောင်းသလို ချစ်ဖို့လဲကောင်းပါတယ်။ မိန်းကလေးရီဟွား ကိုယ့်ကိုလက်ဆက်မယ်မလား"
"ရှင်? ဟွား ဟွားကိုလား?"
"ဟွားလေးကိုလက်ဆက်ချင်ရင်ဟွားလေးနဲ့ ထိုက်တန်ကြောင်းပြပါ။ မင်းလီအိမ်ရှေ့စံရှောင်ယီရှင်း"

အကိုတော်ပိုလင်ကဝင်ပြောတော့ဝမ်ရှီးလန့်သွားမိသည်။

"သားတော် ဧည့်သည်ကိုရိုင်းပြအောင်မပြောရဘူးလေ"
"ရပါတယ်။ မိန်းကလေးရီဟွားနဲ့တန်ကြောင်းကိုပြပါ့မယ်။ ကျနော်ကလိုချင်တာကိုရအောင်ယူပါတယ်။ ရှီချန်းအိမ်ရှေ့စံလျန်ပိုလင်"

စာလုံးရေ - 932
Date - 15.8.2020

Villain Girl (Arc-1)Where stories live. Discover now