Part (3)

7.6K 596 1
                                    

မိဖုရားနှင့်ဘုရင့်ဆီသွားတဲ့လမ်းတစ်လျှောက်မှာ လူတွေရဲ့ယုံကြည်မှုကိုရယူပြီးပုံရိပ်အသစ်ဖြစ်ပေါ်သွားအောင် ဇာတ်ကြောင်းကိုပြောင်းလဲန်ိုင်အောင်လုပ်ရမည့်နည်းကို စဉ်းစားနေမိသည်။ မကြာမီပင်ဘုရင့်အဆောင်ရှေ့ရောက်သွားလေသည်။

"မင်းသမီးငယ်ရောက်ရှိလာကြောင်းပါ"
"ဝင်ခိုင်းလိုက်"
"သမီးတော်အကြောင်းမကြားဘာမကြားနဲ့ ဘာလို့ရောက်လာရတာလဲ"
"ခမည်းတော်ကိုတောင်းဆိုချင်တာတစ်ခုရှိလို့ပါ"
"ကိုယ်တော့်သမီးကထူးထူးဆန်းဆန်းတောင်းဆိုချင်တယ်တဲ့ ဘာများလဲရီဟွား"
"ခမည်းတော် မယ်တော် သမီးတော်တူရိယာတီးခတ်နည်းနဲ့ လက်မှုပညာကိုသင်ယူတတ်မြောက်ချင်ပါတယ်"
"သမီးတော်ပြောတော့လက်မှုပညာတွေတီးခတ်နည်းကိုမသင်ကြားချင်ဘူးဆိုပြီး ဘာဖြစ်လို့လဲ သမီးတော်ရဲ့"
"ခမည်းတော် မယ်တော် ကျေးဇူးပြုပြီး"
"ဟုတ်ပါပြီ သမီးတော်တောင်းဆိုတိုင်းဒီကခမည်းတော်ကဖြည့်ဆည်းပေးမှာပါကွယ့်။ မနက်ဖြန်ကစပြီးခမည်းတော်စီစဉ်လိုက်မယ်"
"ကျေးဇူးကြီးမြတ်လှကြောင်းပါ ခမည်းတော်။ သမီးတော်အဆောင်တော်ကိုပြန်လိုက်ပါဦးမယ်"

ဝမ်းရှီးကရိုရိုသေသေဦးညွှတ်ပြီးအဆောင်ထဲကထွက်သွားလေတော့သည်။ အပြင်ရောက်တော့
"သခင်မလေးကတကယ်လက်မှုပညာသင်ကြားမှာလား။ မနက်ဖြန်သင်ကြားဖို့ရာပြင်ဆင်ထားလိုက်ပါ့မယ်"
"ယုချီ ဟွားကိုဘယ်လိုခေါ်ရမှာလဲ"
"ရီဟွားလို့ခေါ်ရပါမယ်"
"အင်း ဟွားလက်အောက်မှာအလုပ်လုပ်တဲ့အစေခံတိုင်းကိုခေါ်လိုက်။ ဟွားကပြောစရာရှိတယ်လို့"
"ဟုတ်ကဲ့ပါ ရီဟွား"

အဆောင်တော်ထဲရောက်တော့ဘုရင်နဲ့မိဖုရားကိုတွေ့မည်ဖြစ်၍ ဝတ်ဆင်ထားသောလက်ဝတ်တန်ဆာများနှင့် ထုံးထားသောဆံပင်ကိုဖြည်ချလိုက်တော့ ပျော့ပျောင်းနက်မှောင်သောဆံနွယ်ရှည်လေးတွေကခါးသိမ်သိမ်လေးနားထိကျရောက်လာလေတော့သည်။ အရင်ကလျန်ရီဟွားမှာ အမြဲတစ်စေဆံပင်ကိုထုံးထားကာ မိတ်ကပ်ထူကြီးများလိမ်းခြယ်လေ့ရှိသော်လဲ ဝမ်ရှီးကတော့လျန်ရီဟွားရဲ့အလှနှင့်စိတ်နေသဘောထားကောင်းမှုတို့ကို လူအများစကားတွင်ပေါ်လွင်စေချင်လေသည်။

Villain Girl (Arc-1)Wo Geschichten leben. Entdecke jetzt