Part 4*

31.1K 2.2K 17
                                    

တစ်ပတ် အင်း အချိန်အားဖြင့် တစ်ပတ်ပြည့်လေပြီ။ ကိုကိုနဲ့ လုံးဝ မတွေ့ရသေး၊ အိမ်မှာ သွားတွေ့လည်း မရှိ၊ ဆေးရုံမှာ သွားတွေ့တော့လည်း ပရိဟိတ ဆေးကုဖို့ နယ်ဘက် ထွက်သွားသည်ဟု ဆိုသည်။

ဟိုနေ့က ဖြစ်သွားတဲ့ အဖြစ်အပျက်ကြောင့် ရှောင်နေသည်လားဆိုတာလည်း မသိရ၊ မဖြစ်ပေတော့ ခန့်ညားပိုင်ထွက်သွားတဲ့ နယ်ဘက်ကို လိုက်ရန် ဆုံးဖြတ်လို်က်သည်။

"Jame *****ရွာကိုသွားမယ်"

"ဟုတ်ကဲ့ Boss လိုအပ်တာ အကုန်ပြင်ဆင်ထားလိုက်ပါ့မယ်"

ဘယ်သွားသွား Jameကိုခေါ်သွားရသည်။ သေချာ ကျွမ်းကျင် နှံ့စပ်သည်က Jameဖြစ်နေတာကြောင့် ဖြစ်သည်။ ရွာဘက်ဖြစ်တာကြောင့် လူ အနည်းငယ်သာ ခေါ်သွားရန် စဉ်းစားလိုက်သည်။

အားလုံး ပြင်ဆင်ပြီးသည်နှင့် ***ရှာသို့ ထွက်လာခဲ့သည်။

.................

ကျွန်တော် ဒီရွာရောက်နေသည်မှာ တစ်ပတ်ပင်ပြည့်တော့မည်။ ပိုင်ပိုင်နဲ့လည်း အဆင်အသွယ်မလုပ်ဖြစ်၊ ရွာက အနည်းငယ်ခေါင်တာကြောင့် ဖုန်းလိုင်းက သိပ်မမိချင်

ပရဟိတလုပ်ရတာ ဝါသနာပါတဲ့ ကျွန်တော့်အတွက် ပင်ပန်းနေလည်း ပီတိဖြစ်ရသည်။ ရွာရဲ့ အစွန်းနားလေးက တဲတစ်ခုမှာ နေရာချထားသည်ကြောင့် ခပ်လှမ်းလှမ်းရှိတဲ့ တောင်ကုန်းသေးသေးလေးဆီ အပန်းဖြေဖြစ်သည်။

အပေါ်စီးကနေကြည့်လိုက်တိုင်း သူ့ဟာနဲ့သူ သွားလာလှုပ်ရှားနေကြတာတွေ့ရတော့ တကယ့်ကို ပန်းချီကား တစ်ချပ်လို့ပါပဲ တိတ်ဆိတ်ငြိမ်သက်နေတဲ့ နေရာလေးမှာ နေရတာက ပိုပြီး စိတ်ကို ငြိမ်းချမ်းစေသည်။

"ဆရာ"
မင်းမြတ်ရဲ့ ခေါ်သံကြောင့် အနောက်ကို လှည့်ကြည့်လိုက်သည်။

"ထင်တော့ ထင်သားပဲ ဆရာ ဒီရောက်နေမယ်ဆိုတာ"

"ကိစရှိလို့လား"

"အချိန်ကိုလည်း ကြည့်ပါဉီးဆရာ ၉နာရီထိုးတော့မယ် လူနာတွေက စောင့်နေတာကြာပြီ ဆရာ"

"အာ ဟုတ်သားပဲ "

"ဆရာ ညဘက် အိပ်မပျော်ဘူးလား"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now