Part 50*

15.1K 1K 23
                                    

မောင့်ရဲ့ တဇွတ်ထိုး လုပ်တတ်မှုက ကျွန်တော်ပင် မနိုင်တော့ပါ။ လက်ထပ်ဖို့ အချိန်လေးခနတာ စောင့်ပေးဖို့ ပြောထားတာတောင် ပြင်ဆင်နေချေသည်။ ဒါကို ကျွန်တော့်ကို မပြောသေးပဲ ကျွန်တော် သူအရမ်းအလုပ်ရှုပ်နေလို့ ဘာများလဲ မေးကြည့်တော့မှ သိလိုက်ရသည်။

ကျွန်တော် လက်မထပ်ချင်၍ ရက်ကို ရွှေ့ဆိုင်းနေခြင်းမဟုတ်၊ အနာဂတ်အတွက် ကျွန်တော် ပြင်ဆင်စရာရှိသေးသည်။ သမာရိုးကျမဟုတ်တဲ့ ယောက်ျားလေးနှစ်ယောက် လက်ထပ်ခြင်းဟာ သူများတွေလို မရိုးရှင်းနေပါ။ ပတ်ဝန်းကျင်ကို ေမာင်က ဂရုမစိုက်မှန်းသိပေမယ့် ကျွန်တော့်အတွက်တော့ အချိန်ယူရဉီးမည် မဟူတ်လား။

မောင့်ရဲ့ ကျွန်တော့်ကို တရားဝင် ပိုင်ဆိုင်ချင်တဲ့စိတ်အား ကျွန်တော် နားလည်ပါသည်။သို့သော် အနည်းနဲ့အများတော့ ကျွန်တော်နဲ့ ညှိသင့်သည်မဟုတ်လား။

အခုတော့ ကျွန်တော်နဲ့ စိတ်မကြည်မလင်ဖြစ်ပြီး အိမ်ကထွက်သွားတဲ့ မောင်ဟာ အခုထိ ပြန်မရောက်လာသေးပါ။ မနေနိုင်တဲ့ ကိုယ်ကပဲ ဖုန်းဆက်​တေ့ အရက်တွေ သောက်နေသည်တဲ့၊ Jameကတော့ ပြန်ခေါ်လာခဲ့ပါ့မယ်ပြောတာကြောင့် အိမ်ရှေ့မှာ ရပ်စောင့်နေမိသည်။

များမကြာမီ မောင်တို့ကား ရောက်လာသည်။ Jameနဲ့ Davidက အရင်ဆင်းလာပြီး အနောက်ခန်းက မောင့်ကို တွဲခေါ်နေသည်။ မောင်ဟာ တကယ့်ကို ရုပ်ပျက်ဆင်းပျက် လက်တွင်လည်း ပုလင်းကို ကိုင်ထားသေးသည်။

ထိုလောက်ထိ လုပ်စရာမလိုလောက်ဘူးလို့ ကျွန်တော်ထင်သည်။ စိတ်မကြည်လို့ အပြင်လေး ခနထွက်ဖို့ လွှတ်လိုက်တာ ထိုသို့ မူးမူးရူးရူး ဖြစ်လာဖို့ မဟုတ်

"​ေအ ့မောင့်ကလေး....လေး ဘာ တွေ လုပ်နေတာလဲ အော့.... "

လျှာလေးအာလေးနဲ့ ပြောနေတဲ့ မောင့်ကို နာနာလေး ထုရိုက်ပစ်လိုက်ချင်သည်။ ကျွန်တော် လှမ်းတွဲဖို့ ပြင်လိုက်တော့

"အော့....မောင့်ကလေးလေးက မောင့်ကို စကားလဲ ပြန်မပြောဘူး"

"မောင်ရာ တော်တော့ ဘယ်လောက်တောင် သောက်လာတာလဲ တကိုယ်လုံး အရက်န့ံတွေချည်းပဲ"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now