Part 72*

10.6K 709 17
                                    

ဒီနေ့ဟာ ပိစိနှစ်ယောက်ရဲ့ ၄နှစ်ပြည့်နေ့လေး ဖြစ်သည်။ ဒါကြောင့် မိသားစုလိုက် မနက်စောစော ဘုရားသွားဖို့ရာ ပြင်ဆင်ရတော့သည်။

"ဒယ်ဒီ"

"ဗျာ"

"ပါးပါးရော"

"ပါးပါးက Miaလေးကို သနပ်ခါးလိမ်းပေးနေတာဖြစ်မယ်"

"ဒယ်ဒီ ပြီးပြီလား"

ေရချိုးခန်းထဲမှာ ရေချိုးနေတဲ့ ကျွန်တော့်ကို အော်မေးနေတဲ့ သားသား

"ပြီးတော့မယ် Jackရေ"

"မြန်မြန်ချိုးနော် အအေးမိလိမ့်မယ် "

ကျွန်တော့်ရဲ့ သားဆိုပေမယ့် ဂရုစိုက်တတ်တဲ့နေရာမှာတော့ သူက လူကြီးလိုပင်၊ တခုခုဆို လူကြီးဆန်ဆန် တွေးတက်ဖို့ သင်ပေးထားသမျှ လက်ခံနိုင်တဲ့ သားနဲ့သမီးအတွက် ကျွန်တော့်နဲ့ငယ်က ဂုဏ်ယူမဆုံးဖြစ်ရသည်။

"သား ပါးပါးဆီသွားလိုက်ဉီးမယ်"

"ဟုတ်ပြီ ပြီးမှ ဒယ်ဒီလိုက်လာမယ်နော်"

"ဟုတ် ဒယ်ဒီ"
..............

ဒီနေ့ ပိစိနှစ်ယောက် မွေးနေ့ဆိုတော့ ပြင် ​ဆင်ပေးနေရသည်။ ပိစိနှစ်ယောက်နဲ့အတူ မိသားစုလိုက် ဘုရားသွားဖို့ဖြစ်သည်။

"ဝါးးး ပါးပါးရဲ့ Miaလေးက ထဘီလေးနဲ့ လှလိုက်တာကွာ"

"ဟီးးးးး"
ဆံပင်​​လေးကို ကျစ်ဆံမြီးလေးစီးထားပြီး ဖဲ ကြိုးအနီလေးပါ တပ်ထားသည်။ ဒါအပြင် ဘုရားသွားမှာမို့ ပြင်ဆင်ထားနဲ့ ဝတ်စုံကလည်း ယဉ်ယဉ်လေးနဲ့မို့ ကြည့်ကောင်းနေသည်။

"ပါးပါး သားဝင်လာလို့ရလား"

"လာလေ Jackရဲ့၊ ပါးပါး သားညီမလေးကို ပြင်ဆင်ပေးတာ ပြီးပြီ"

"ဟုတ် ပါးပါး"

ကျွန်တော် ခွင့်ပြုချက်ရတာနဲ့ သားသားက Miaလေးရဲ့ အခန်းထဲကို ဝင်လာသည်။ ငယ်ငယ်ကတည်းက Miaက မိန်းကလေးတစ်ယောက်မို့ အစိကိုတစ်ယောက်အနေနဲ့ ဘယ်လို ကာကွယ်ပေးရမယ် ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ သင်ပေးပြီးသားမို့ Miaအခန်းထဲဝင်ရင်တောင် ခွင့်တောင်းပြီးမှ ဝင်တတ်သည်။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now