Part 10*

25.8K 1.7K 16
                                    

ဒီနေ့ ဆေးရုံသွားကာ Dutyဝင်ရမည်ဖြစ်တာကြောင့် လက်ဆွဲအိတ်ထဲသို့ လိုအပ်သည်များကို ထည့်လိုက်သည်။ မနေ့က အလုပ်ဆင်းမည်လို့ ပြောတာကြောင့် နက်ရှိုင်းသူသည် ခန့်ညားပိုင်ရဲ့ အိမ်အား ခနလိုက်ပို့ကာ လိုအပ်သည်များကို ယူစေပြီး အိမ်ကိုတော့ သော့ခတ်ခဲ့သည်။

အဝတ်အစားယူဖို့ ပြင်လိုက်တဲ့ ခန့်ညားပိုင်အား နက်ရှိုင်းသူက မယူခိုင်းပဲ Shopping Mallတစ်ခုသိူ့သွားတာ အသစ်တွေ ဝယ်ပြီး ထည့်ပေးထားလေသည်။

ကျွန်တော် သွားဖို့် ပြင်ဆင်နေတုန်း မောင်က ရေချိုးဖို့ ဝင်သွားသည်။ ခနနေတော့ တဘက်တထည်ကို ခါးမှာ ပတ်ကာ ခေါင်းရေစိုပေါ်တွင် တဘက်တထည်တင်ပြီး ထွက်လာသည်။

"ငယ် ပြီးပြီလား"

"ပြီးပြီ"

နက်ရှိုင်းသူသည် ရေစိုနေတဲ့ ခေါင်းကိုမသုတ်ပဲ အဝတ်အစား ရွေးနေတာကြောင့်

"မောင် ခုံပေါ် ခနထိုင်"

"ဘာလိ​ု့လဲ ငယ် "လို့ မေးလိုက်တော့ မျက်​စောင်းတစ်ချက်ကိုသာ ရလိုက်သည်။

ကျွန်တော် ထိုင်လိုက်တော့ ခေါင်းပေါ်က သဘတ်ကို ယူကာ ခေါင်းကို သုတ်ပေးလာတဲ့ ငယ်

ကျွန်တော့် နှုတ်ခမ်းမှာ အနည်းပြုံးလိုက်မိသည်။ ငယ်ငယ်တုန်းက လုပ်ပေးနေကျ အကျင့်လးထဲက တစ်ခု ကျွန်တော် ခေါင်းလျှော်ပြီးတိုင်း ငယ့်ဆီ ပြေးသွားကာ ခေါင်းကို သုတ်ခိုင်းတတ်သည်။

ထိုအကျင့်က မသိသာပေမယ့် ကျွန်တော်ကတော့ ငယ်နဲ့ ပတ်သတ်တဲ့ အမှတ်တရအားလုံး ခေါင်းထဲတွင်သာ မက နှလုံးသားထဲတွင်ပါ ရှိနေသည်။

.........................

On the way to hospital.....

"ဘယ်ချိန်လာကြိုရမလဲ ငယ်"

" ည ၉ နာရီမှ ပြီးမှာ"

"အင်းဟင် အဲ့ဒါဆို မောင် ၉မတိုင်ခင် လာခဲ့မယ် စောင့်နေ "ဆိုကာ လက်တစ်ဖက်က ကားမောင်းနေပြီး နောက် လက်တစ်ဖက်က ခန့်ညားပိုင်ရဲ့ လက်ကိုဆုပ်ကိုင်လိုက်သည်။

"မောင် ကားမောင်းနေတယ်လေ လွှတ် ငါ့လက်ကို....."

"ငယ် ဘာဖြစ်​ေနတာလဲ ဒီလောက်လေးနဲ့ မောင် ဘာမှ မဖြစ်သွားဘူး "ဆိုကာ လက်ဖမိုးကို နမ်းလိုက်သည်။ နက်ရှိုင်းသူသည် ခန့်ညားပိုင်ရဲ့ မျက်နှာကို လှမ်းကြည့်လိုက်တော့ ရှက်ယောင်သန်းနေတဲ့ မျက်နှာလေးကို ကားမှန်ဘက်သို့ လှည့်သွားသည်။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now