Part 61*

13.7K 907 16
                                    

"​မောင် မြန်မြန်ပြန်လာနော်"

"ဟုတ်ပါပြီ ငယ်ရယ်၊ မောင် လတ်စသတ်ပြီးတာနဲ့ ပြန်လာခဲ့မယ် ဟုတ်ပြီလား"

ကျွန်တော် ဒီနေ့ Company Meetingရှိတာမို့ သွားရမည်ကြောင့် ငယ်က မသွားစေချင်သလို လုပ်နေသည်။

"ကဲ ကြည့်....မောင် ချက်ချင်းပြန်လာမှာပါကွာနော်၊ မျက်နှာကြီး ဆူပုတ်မထားနဲ့လေ ငယ်ရဲ့၊ပြော...ငယ် ဘာစားချင်လဲ မောင် ပြန်လာရင် ဝယ်ခဲ့ပေးမယ်လေ"

"ဟင့်အင်း၊ မောင်ပဲ မြန်မြန် ပြန်လာရင် ရပြီ"

"ကောင်းပါပြီဗျာ အချိန်တွေ မကုန်ရအောင် သွားလိုက်တော့မယ် ငြိမ်ငြိမ်နေနော် ငယ်၊ တခုခုဆို Davidကိုသာ ပြောလိုက်နော် "

"အင်း"

ကျွန်တော် ကိုယ်တိုင်ကလည်း ငယ့်ကို စိတ်မချ၊တခုခု ဖြစ်သွားမလားဆိုတဲ့ စိတ်က အမြဲ ခေါင်းထဲ ရှိနေသည်။ ဒါကြောင့် Meetingကို သာ အမြန်ပြီးအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

...................

"David.... ကျွန်တော့်ကိုလေ သံပုရာရည်အေးအေးလေး ဖျော်ပေးပါလား"

"ဟုတ်ကဲ့ အကုိလေး.....ခေါင်းကိုက်နေလို့လား"

"မဟုတ်ပါဘူး အေးတာလေး တစ်ခုခု စားချင်နေလို့"

"ကျွန်တော် လုပ်ပေးပါ့မယ်"

မောင် အလုပ်ကို ခနသွားတော့ စိတ်ထဲမှာ ကိုယ်ဘာသာကိုယ် ဘာတွေ အလိုမကျ ဖြစ်မိသည်မသိ၊ ဒါကြောင့် အိမ်ထဲမှာ မနေပဲ အိမ်ခြံဝင်းထဲက ဒန်းလေးပေါ်မှာသာ ထိုင်နေလိုက်သည်။ စိုက်ထားတဲ့ အပင်လေးတွေကလည်း ပန်းလေးများပင် ပွင့်နေလေသည်။ အရင်က ရှုံ့ပွနေတဲ့နေရာက အခုတော့ မြက်ခင်းပြင် စိမ်းစိိုစိုလေးနဲ့ ဖြစ်နေသည်။

လူတွေနဲ့ ဝေးတဲ့နေရာမှာ နေရသည်ကလည်း တစ်မျိုး အဆင်ပြေသည်။ ဆူညံသံဆိုတာမရှိ အေးအေးချမ်းချမ်းနဲ့ နေနို်င်သည်။ မောင်ကလည်း အများနဲ့ နေရတာ မကြိုက်ဘူး မဟုတ်လား။

*ပြောရင်းနဲ့ မောင့်ကိုတောင် သတိရလာပြီ*

.....................

At Meeting.....

အိမ်ကနေ ထွက်လာစဉ်က ချစ်ရသူလေးရဲ့ မျက်နှာထကိက အပြုံလေးကြောင့် စိတ်ပျော်ရွှင်စွာနဲ့ Meetingရောက်လာခဲ့ပေမယ့် အခု အခြေအနေက စိတ်ပျက်ဖွယ်ရာ အတိနဲ့ ကြုံနေရသည်။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now