Part 63*

13.8K 839 5
                                    

ကျွန်တော်ချော့ပြီး ပြေလည်ပြီးကတည်းက ကျွန်တော့်ကိုယ်ပေါ်က မဆင်းတော့တဲ့ ငယ်၊ ငယ့်ရဲ့ ဆံပင်လေးတွေကို လက်လေးနဲ့ အသာလေး ဖွဖွပေးရင်း ​အမြတ်တနိူး နမ်းမိသည်။

"မောင်"

"ဗျာ"

"ငယ် ရေခဲမုန့်စားချင်တယ်"

"မိုးချုပ်နေပြီလေ မောင့်ကလေးလေးရဲ့"

"မရဘူး စားချင်တာ"

"ပြွစ်....နှုတ်ခမ်းကြီး ဆူမထားနဲ့ မောင် ကိုက်လိုက်မှာ"

"မကိုက်နဲ့ ငယ် နာလိမ့််မယ်"ဆိုကာ ငယ်က သူ့ရဲ့ နှုတ်ခမ်းလေးကို နှုတ်ခမ်းလေးနဲ့ အုပ်လေသည်။

"ငယ် အရမ်းချစ်ဖို့်ကောင်းနေတယ်ဆိုတာ သိလား"

"မောင် တနေ့လုံး အဲ့စကားပဲ ပြောတော့မှာလား"

"အမှန်ပြောတာကို ငယ်ရဲ့၊ ဗိုက်ထဲက ပိစိလေးသာ မရှိရင် ဖျစ်ညစ်ပစ်ပလိုက်ပြီ သိရဲ့လား"

"မောင်နော်....သူများနာမယ့်အလုပ်ကိုပဲ တွေးနေတယ်"

"အိုးဟို.....အဲ့လိုမဟုတ်ရပါဘူးဗျာ"

ကျွန်တော့် ငယ့်ရဲ့ ဗိုက်လေးကို လက်လေးနဲ့ ပွတ်သပ်ပြီး ပြုံးမိသည်။ ဒါဟာ ကျွန်တော် အိပ်မက်ပင် မမက်ဖူးတဲ့အရာ တွေးတောင် မတွေးကြည့်ဖူးတဲ့အရာ ဖြစ်သည်။ ကျွန်တော့်အတွက် အကြီးမားဆူံး လက်ဆောင်ထဲက တစ်ခုဆိုလဲ မမှားနိုင်ပါ။

"မောင် ဘာတွေ တွေးပြီးပြုံးနေတာလဲ မဟုတ်မှလွဲ ငယ့်ကို ဖျစ်ညှစ်ခွင့်မရလို့ ပိစိကို တခုခုလုပ်ဖို့ စဉ်းစားနေတာလား"

ကျွန်တော် ငယ့်ရဲ့ နှာခေါင်းကို လက်လေးနဲ့ ဖွဖွလေး ဆွဲညှစ်လိုက်ပြီး

"ဘာတွေ လျှောက် ပြောနေတာလဲ ငယ်ရဲ့၊ မောင်က ပျော်လို့ ၊ ငယ်ပေးတဲ့ လက်ဆောင်က မောင် တသက်နဲ့တကိုယ် မတွေးခဲ့ဖူးတဲ့အရာလေ၊ ဒါကြောင့် စဉ်းစားပြီ ပြုံးမိတာပါဗျာ"

"တကယ်နော်"

"တကယ်ပါဗျာ"

"နေဉီး မောင် စကားတွေ လွှဲနေတာလား"

"ဘာကို လွှဲတာလဲ ငယ်"

"ငယ့်ကို ရေခဲမုန့်ဝယ်ကျွေးလို့် ပြောထားတယ်လေ"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now