Part 58*

15.6K 971 26
                                    

ဒီနေ့နဲ့ဆို မောင် ကျွန်တော့်ကို ထားခဲ့တာ ၃ရက်ရှိပြီ ဖြစ်သည်။ မောင် ဘယ်သွားနေလဲဆိုတာ မောင်ဘေးနားက ကိုယ်ရံတေယ် ၄ယောက်လုံးတောင် မသိ၊ မောင် ထွက်သွားတဲ့နေ့ကစ ခြေစလက်စပျောက်နေသည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။

ကျွန်တော် ကလေး ယူမိတာ အပြစ်များဖြစ်သွားသလား၊ အချစ်ကလွဲရင် မပေးနိုင်တဲ့ကျွန်တော်က ယောက်ျားလေးတစ်ယောက်ဖြစ်ရက်နဲ့ မောင့်အတွက်ဆိုတဲ့ စိတ်တခုကြောင့် နှစ်ယောက်သားနဲ့ သွေးတွေပေါင်းစပ်နေမယ့် ကလေးလေးတစ်ယောက် လက်ဆောင်အနေနဲ့ ပေးချင်ခဲ့တာ၊ မောင် သိသွားခဲ့ရင် ပျော်မယ်လို့ ယုံကြည်ခဲ့တာ၊ အခုတော့ မောင်က ထားသွားခဲ့သည်။

ကျွန်တော့်ဘက်က လက်လျှော့ဖို့မရှိ။မောင်..မောင်သာ ကွာရှင်းဖို့ ပြောလာခဲ့ရင်ကျေကျေနပ်နပ်ကြီး လက်ခံပေးပြီး ထွက်သွားမှာ၊ မောင် စိတ်ချမ်းသာတာလေး မြင်ရဖို့ ဘာမဆို လုပ်ပေးမှာ ရင်အကွဲခံပြီးတော့ပေါ့။

ပါးပါးကလေးလေးရေ ပါးပါးက အများကြီး ချစ် ပေးမှာမို့ ကျန်းကျန်းမာမာလေး ကြီးပြင်းလာပေးရမယ်နော် ကလေးလေးရဲ့ Daddyက ပါးပါးကို စိတ်နာသွားပြီလာမသိဘူး၊ ဒါကြောင့် ပါးပါး ကလေး​လေးပါ ပါးပါးကို စိတ်မနာနဲ့နော်၊ ပါးပါး အကောင်းဆုံး စောင့်ရှောက်မှာ

..........
တဖက်မှာတော့

မူးရူးနေအောင် သောက်ပြီး ကိုယ်ကိုကို်ယ် နာအောင် လုပ်နေတဲ့ ကောင်လေးတစ်ယောက်ဟာ Hotelခန်းတစ်ခုရဲ့ အမှောင်လေးထဲမှာ ကျိတ်ငိုနေလေရဲ

*အသုံးမကျလိုက်တာကွာ၊ အသက်နဲ့တောင် ရင်းရနိုင်တဲ့အရာကို လုပ်ခဲ့တာတဲ့လား။ မောင်ပေးတဲ့ အချစ်တွေထက်တောင် ကြီးမားတဲ့လက်ဆောင်မို့ မောင် လက်ခံလို့ သင့်ပါ့မလား၊ မောင်ဟာလေ ငယ့်ကို ချစ်တယ်သာ တဖွာဖွာပြောခဲ့ပေမယ့် ကလေးယူတဲ့ ကိစနဲ့ပတ်သတ်ပြီး တစွန်းတစမှမသိခဲ့ရဘူး *

လွန်ခဲ့တဲ့ သုံးရက် ငယ့်ဆီက ထွက်လာတဲ့နေ့ အကုိမင်းမြတ်ပြောတဲ့စကားတွေ ပြန်ကြားလာသည်

*ဆရာက မင်းအတွက်ဆိုပြီး လက်ဆောင် ပေးချင်ခဲ့တာ မင်းမသိအောင် အကုိ့ကိုလည်း ဖုံးကွယ်ခိုင်းခဲ့တယ် ဒါက သမာရိုးကျမဟုတ်တဲ့ ဖြစ်စဉ်တစ်ခုမို့ ဆေးတွေသောက်ရသလို ပင်ပန်းလွယ်တဲ့ ဆရာ့ကို ဆေးထိုးပေးရသည်အထိပါ ရှိလာတယ် ဒါကြောင့်လည်း လက်မှာ အပ်ရာတွေတွေ့မှာပါ အလုပ်ပင်ပန်းတာကြောင့်ရော ဆေးကြောင့် အပြောင်းအလဲ ဖြစ်လာတာကြောင့်ရော တော်တော် ပင်ပန်းခဲ့ရှာတာ၊ အဆိုးဆုံးကတော့ ညီ မသိအောင် လုပ်နေခဲ့တဲ့ လုပ်ရပ်က သူ့ကို ပိုပြီး ဖိအားပေးသလို စိတ်ရော လူရေ ပင်ပန်းလာတယ် ညီ့အတွက် သူအကောင်းဆုံးကြိုးစားခဲ့ အနာခံခဲ့သမျှ အခုတော့ ညီတို့ဆီကို ကလေးလေး ရောက်လာခဲ့ပြီ အကောင်းဆုံး ဂရုစိုက်ပေးလိုက်ပါ ဆရာလည်း သတိရလာတဲ့အခါ ပျော်နေမှာ အသေအချာပဲ အလုပ်ကို နားခိုင်းလိုက်တာ အကောင်းဆုံးထင်တယ် ညီပြောရင်ရလောက်မယ် သိတယ်မလား ဆရာက တအားခေါင်းမာတာ*

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now