Part 69*

13.4K 855 21
                                    

ကျွန်တော်တို့နှစ်ယောက် အိပ်နေတုန်း ကလေး ငိုသံကြားတာကြောင့် ချက်ချင်း ထ ထိုင်လိုက်တော့ မီးငယ်လေးက ငိုနေသည်။ ငယ်နိုးမှာ စိုးတာကြောင့် ကလေးနား အမြန်သွားကာ ကောက်ချီလိုက်ပြီး အခန်းပြင်ထွက်လိုက်သည်။

"တိတ်ပါ မီးမီးရယ်၊ ဒယ်ဒီ ချော့နေတယ်လေနော်ကျွတ်.....ကျွတ်....."

ကျွန်တော့်လက်ပေါ်ရောက်ပြီး မကြာလိုက် မီးငယ်လေးက အငုိတိတ်သွားတော့သည်။ ကျွန်တော်လည်း ဧည့်ခန်းထဲက Sofaပေါ်ထိုင်လိုက်ပြီး မီးငယ်လေးကို ပြန်သိပ်ရသည်။

"လိမ်မာလိုက်တာ ဒယ်ဒီ့သမီးလေးက ရွှတ် ရွှတ်...."

ဖောင်းနေတဲ့ ပါးလေးနှစ်ဖက်ကို နစ်ဝင်သွားသည်အထိ နမ်းရှိုက်မိတော့ တခိခိနဲ့ သဘောကျနေသည်။

"ဒယ်ဒီ နမ်းလိုက်လို့ သဘောကျနေတယ်ပေါ့ ဟုတ်လား ဒယ့်ဒီMiaလေး"

"ခိ....ခိ...."

"ေဟာ...ဒယ်ဒီ့ကို ချစ်စရာကောင်းအောင် လုပ်ပြနေပြန်ပြီ"

တနေ့တနေ့ မရို်းနိုင်လောက်အောင် ဒီ ပိစိလေးနှစ်ယောက်ရယ် ငယ်ကယ်ကြောင့် ပျင်းရသည် မရှိ၊ မီးငယ်လေးကို ချီကာ လမ်းလေးနည်းနည်း လျှောက်ရင်း မကြာခင် အိပ်ပျော်သွားတော့သည်။ ပြီးမှ ကျွန်တော်လည်း အခန်းထဲ ပြန်ဝင်ကာ မီးငယ်လေးကို ကုတင်သေးသေးလေးပေါ် သိပ်လိုက်သည်။

ပြီးနောက် ငယ်ဘေးမှာ ပြန်ဝင်လှဲကာ မျက်နှာလေးကို ငေးကြည့်မိသည်။ ဘယ်ချိန်ဖြစ်ဖြစ် ကြည့်လို့မဝနိုင်တဲ့ မျက်နှာလေး၊ နှဖူးလေးကို ဖွဖွလေးနမ်းကာ ရင်ခွင်ထဲ ပြန်ထည့်ပြီး အိပ်လိုက်တော့သည်။

..................

At Morning......

ကျွန်တော် နိုးလာတော့ ဘေးမှာ မောင်က ရှိမနေ၊ရေချိုးခန်းထဲမှာများလားလို့ ကြည့်တော့လည်း မဟုတ်ပြန်၊ ကျွန်တော် နာရီကို လှမ်းကြည့်လိုက်တော့ ၈နာရီ ထိုးနေလေသည်။

ဒါကြောင့် အိပ်ရာက ထကာ ပိစိလေး နှစ်​ယောက်ကို ကြည့်ဖို့ ခြေလှမ်းလိုက်တော့ ရှိမနေပေ......အင်း သေချာတာတော့ မောင် ခေါ်သွားပြီ ထင်ပါသည်။ ကျွန်တော်လည်း မျက်နှာသစ် သန့်စင်လိုက်ပြီး အောက်ထပ်ကို ဆင်းလိုက်တော့ မြင်ကွင်းတစ်ခုကြောင့် ပြုံးလိုက်မိသည်။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now