Part 26*

18K 1.2K 27
                                    

ထမင်းစားနေရင်းပင် သူတို့ရဲ့ ထမင်းဝိုင်းနားသို့ ဆေးရုံအုပ်ရောက်လာလေသည်။

"အော် နက်ရှိုင်းရောက်နေတာပဲ"

"ဟုတ်တယ် ငယ်နဲ့ ထမင်းလာစားတာ"

အမှန်တော့ သူတို့ရဲ့ relationship ကို လူတိုင်းမသိပေမယ့် မင်းမြတ်နဲ့ ဆေးရုံအုပ်ကတော့ သိတာမို့ လွတ်လွတ်လပ်လပ် ပြော၍ရနေသည်။

"ဆေးရုံအခြေအနေတွေ တင်ပြစရာများရှိလား"

"မရှိပါဘူး နက်ရှိုင်း အဆင်ပြေပါတယ်"
ဘေးနားက ဖြတ်သွားကြတဲ့ သူတွေကတော့ CEOကုိ မြင်တာနဲ့ ခေါင်းငုံ့ကာ နှုတ်ဆက်ကြသည်။

"ဒါဖြင့် ကျွန်တော့်ကို ခွင့်ပြုပါဉီး ငယ့် Dutyပြီးပြီဆိုတော့ တခါတည်း ခေါ်သွားမလို့"

"ဟုတ်ပြီ နက်ရှိုင်း"
ဆေးရုံအုပ်မှာလည်း သူတို့ကို နှုတ်ဆက်ပြီး ထွက်သွားတော့သည်။

"အကုိ ကျွန်တော်တို့ သွားလိုက်ပါဉီးမယ်"ဆိုကာ ပြုံးပြုံးကြီးနဲ့ နက်ရှိုင်းသူက မြတ်ကောင်းကို နှုတ်ဆက်လေသည်။ ထို့နောက် ကန်တင်းမှ ထွက်လာကာ ခန့်ညားပိုင်ရဲ့ နားနေခန်းသို့ ပစည်းတွေ သိမ်းဖို့ နှစ်ယောက်သား ထွက်လာခဲ့သည်။

"ငယ်"

"ဟင်"

"အဲ့တစ်ယောက်က အရင်က မမြင်ဖူးသလိုပဲ"

"ဟုတ်တယ် ဒီနေ့မှ ဝင်လာတဲ့ အသစ် ငယ့်ရဲ့ လက်ထောက် နောက်တစ်ယောက်"

"ငယ့်လက်ထောက် ဟုတ်လား"

"အင်း ဘာတွေ အလန့်တကြားဖြစ်သွားတာလဲမောင်"

"မင်းမြတ်တယောက်တည်းနဲ့ အဆင်မပြေဘူးလား ငယ်"

"အဲ့တာ ဆေးရုံအုပ်ထည့်ပေးတာလေ မောင်"

"ဟူးးး"

"ဘာလဲ မောင် စိတ်မချ ဖြစ်နေပြန်ပြီလား"

"........."

"တကယ်ကြီး.....မောင် ငယ်က မေးထူးခေါ်ပြော အဆင့်ပဲ လုပ်ထားတာနော် ဘာတွေ ပူနေတာလဲ"

"ငယ့်နားမှာ နောက်တစ်ယောက် မြင်နေရတာ မောင့်မျက်လုံးထဲမှာ ကန့်လန့်ကြီး"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now