Part 34*

15.9K 1.1K 6
                                    

ကျွန်တော့် ရင်ခွင်ထဲ အိပ်ပေ​ျာ်နေတဲ့ မောင်က အပူအပင်ကင်းမဲ့စွာ၊ ညိုနေသော မျက်ကွင်းနဲ့ အနည်းငယ် ချောင်ကျနေသော မျက်နှာကြောင့် စိတ်မကောင်းဖြစ်ရသည်။

ကျွန်တော့်ရဲ့ ဆေးသွင်းထားတဲ့ လက်မဟုတ်သော လက်တစ်ဖက်အား ကျစ်နေအောင် ဆုပ်ကိုင်ထားပြီ အိပ်နေသည်။ ကျွန်တော် မောင့်ရဲ့ ဆံပင်လေးကို ဖွဖွလေး ပွတ်သပ်ပေးကာ ချော့သိပ်မိသည်။ ခနအကြာတော့ အခန်းထဲ Jameက ဝင်လာတော့သည်။

တိုးညှင်းသော လေသံဖြင့် ပြောဖို့ သတိပေးလိုက်ရင်း

"အကိုလေး အဆင်ပြေရဲ့လား"

"ပြေပါတယ် ဒါနဲ့ ကျွန်တော့်ကို ထမင်းလေး ပြင်ပေးမလား မောင် ဘာမှ မစားရသေးဘူးထင်တယ်"

"ဟုတ်တယ် အကုိလေး၊ Bossဘာမှ မစားရသေးဘူး"

"ပြီးတော့ မောင် အဝတ်အစား နည်းနည်းလောက် အိမ်မှာ ယူပေးမလား"

"ခနနေရင် Jယူလာလိမ့်မယ် အကုိလေး...ကျွန်တော် သွားယူခိုင်းထားတယ်"

"အဲ့တာဆို ကျွန်တော့်ကို ထမင်းလေးပဲ ပြင်ပေးနော်"

"ဟုတ်ကဲ့ အကုိလေး"

မောင်ကလေ ကျွန်တော်နဲ့ ပတ်သတ်လားရင် ဘာမဆို လုပ်မယ့်လူသာ ဖြစ်သည်။ မောင့်ကို လုပ်ကြံတဲ့သူဟာ ဘယ်သူလဲဆိုတာ ကျွန်တော်လည်း မသိရသေး၊ ​ေမာင်လည်း စုံစမ်းထားမည် ထင်ပါသည်။

ဒီစီးပွားရေး လောကထဲမှာ အပြိုင်အဆိုင်တွေ ရှိတတ်တာ သိပေမယ့် အခုလောက်ထိ ဆိုးလိမ့်မည်ဟု မထင်မှတ်ထားခဲ့

ကျွန်တော့်ရဲ့ လက်ဟာ မောင့်ရဲ့ ဆုပ်ကိုင်ထားမှုကြောင့် တဖြည်းဖြည်း တင်းကျပ်လာသည်။ မောင့်ကို ကြည့်တော့ အိပ်မက်ဆိုးများမက်နေသည်ကြောင့်လားတော့ မသိ၊ မျက်ရည်တွေလစီးကျနေသည်။

ဆေးအပ်ထိုးထားသော လက်ကို အသာလေး မြှောက်လိုက်ကာ ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးမိသည်။

ဖြတ်ခနဲဆိုသလို ဖွင့်လာသော မောင့်ရဲ့ မျက်လုံးတွေက နီရဲရဲ

"ငယ်"

"မောင် ပြောလေ...ဘာဖြစ်လို့လဲ အိပ်မက်ဆိုး တွေ မက်နေတာလား"လို့ မေးလိုက်တော့ ခေါင်းကို အသာ ငြိမ့်ပြသည်။ တကယ်ပါ အခုချိန်မှာ မောင်က ကလေးေလး တစ်ယောက်လို ပြုမူနေသည်။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now