Part 76*

10.4K 747 17
                                    

ကျွန်တော် မောင့်ကို ချော့ပြီးတာနဲ့ လိုချင်တာ အပိတ်ခံလိုက်ရသော်ငြား ငယ်ကတော့ ပျော်နေလေသည်။ ကြည့်နေ အပြစ်ကနေ လွတ်လို့ကတော့ မလွယ်ဘူးမှတ်

"ခေါင်းကိုက်နေသေးလား ငယ်"

"မနက်ကလောက်တော့ မဟုတ်တော့ဘူးအဆင်ပြေပါတယ်"

"နေ့လည်စာ သွားစားရအောင် ငယ်၊ ပိစိနှစ်ယောက်လည်း စောင့်နေလောက်ပြီ"

"အင်း စားကြမယ်လေ"

ကျွန်တော် ငယ့်ကို ခေါ်ပြီးဆင်းလာတော့ Sofaပေါ်မှာ ထိုင်စောင့်နေတဲ့ ပိစိနှစ်ယောက်က ကျွန်တော်တို့နားပြေးလာသည်။

"ဖြေးဖြေး လျှောက်ရမယ်လို့ ပြောထားတာကို ပါးပါး စကား နားမထောင်ကြဘူးပေါ့ ဟုတ်လား"

"နားထောင်ပါတယ် ပါးပါးရဲ့၊ အခုက ပါးပါး နေမကောင်းပဲ ဆင်းလာတော့ လဲကျမှာစိုးလို့ သားတို့က ပြေးလာတာ"

"ဟော.....ကြည့် ဘယ်သူ သင်ပေးလိုက်တာတုန်း အဲ့တာတွေက၊ တော်တော် တက်နေကြ"

"သင်စရာမလိုပါဘူးနော်၊ ဒါ သားတို့ဘာသာ သားတို့ ဂရုစိုက်ပေးတာလို့ ခေါ်တယ်၊ ပါးပါးပဲ ပြောထားတယ်လေ ကိုယ်ချစ်တဲ့သူအပေါ် ဂရုစိုက်တာ အကောင်းဆုံးပဲဆို"

"ဟုတ်ပါပြီဗျာ၊ ပါးပါး နားလည်ပါပြီ သားတို့ရယ်"

"ပါးပါး"

"ဗျာ"

"ဒယ်ဒီ ပါးပါးကို ငိုအောင် လုပ်သေးလား"

"မလုပ်ပါဘူးဗျာ၊ ဘာလို့လဲ မီးမီးရဲ့"

"မနက်က ပါးပါးကို ငိုအောင် လုပ်တာ ဒယ်ဒီလေ မီးမီးတို့ သိတာပေါ့၊ ပါးပါးကို ထပ်ငိုအောင် လုပ်ရင် ဒယ်ဒီ့ကို ရိုက်မလို့"

"ဟောဗျာ ဒါဆို မီးမီးတို့ ရိုက်လိုက်တော့ ဒယ်ဒီငိုသွားရင် ဘယ်လိုလုပ်မလဲ"

"ပါးပါးကိုတောင် ငိုအောင် လုပ်တာပဲကို "

"မီးမီးက ဒယ်ဒီ့ကို မချစ်ဖူးထင်တယ်"

"ချစ်တယ်လေ ဒယ်ဒီရဲ့၊ ပါးပါးတို့ပဲ ပြောထားတာလေ တစ်ယောက်ယောက်ကို ငိုအောင် လုပ်တဲ့သူက လူကောင်းမဟုတ်ဘူးတဲ့၊ အဲ့ဒါ ဒယ်ဒီ လူဆိုးကြီးဖြစ်မှာစိုးလို့ မီးမီးက လူကောင်းဖြစ်အောင် ရိုက်ပေးတာ"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now