Part 5*

27.3K 2K 27
                                    

ကားထဲမှာ အိပ်ရသည်ကလည်း သက်တောင့်သက်သာ မရှိလှ ဟိုလှိမ့် ဒီလှိမ့် လုပ်ရင်းနဲ့သာ မိုးလင်းသွားသည်။ ဒါကြောင့် အိပ်မနေတော့ပဲ ကိုကို့ဆီကိုသာ ပြန်လာလိုက်သည်။ ကိုကို့အိမ်ရောက်တော့ အိမ်ရှေ့မှာ လေ့ကျင့်ခန်းလုပ်နေတဲ့ ကိုကိုဘယ်ချိန်ကတည်းက နိုးနေသည်မသိ။

"ကိုကို"

"ဟင် ပိုင်ပိုင် စောလှချည်လား လာထို်င်လေ"

နက်ရှိုင်းသူလည်း ခန့်ညားပိုင်နား ဝင်ထိုင်လိုက်သည်။

"မျက်နှာမသစ်ရသေးဘူးမလား"

"ဟုတ်တယ် ကိုကို"

"ခနလေးစောင်​့ "ဆိုကာ အိမ်ထဲပြန်ဝင်သွားသည်။ ပြန်ထွက်လာတော့ လက်ထဲမှာ သွားတိုက်တံ သုံးချောင်းနဲ့ တခါသုံး တစ်ရူးလေး ၃ခုပါလာသည်။ သုံးခုဖြစ်နေရသည်က Jameနဲ့ Chrisအတွက်ပါ ယူလာခြင်းဖြစ်သည်။

ခန့်ညားပိုင်တွင် အကျင့်တစ်ခုရှိသည်။ ခရီးသွားသည့်အခါတိုင်း တစ်ခါသုံး သွားတိုက်တံလေးတွေနဲ့ တခါသုံး မျက်နှာသစ် တစ်ရှူးလေးတွေ ထည့်တက်ခြင်း ဖြစ်သည်။ နယ်ဘက် ဖြစ်တာကြောင့် ရေမရမှာစိုးရသလို ပစည်းဝယ်ရ ခက်ရမည်ကို တွေးပူကာ အပိုအနေနဲ့ ယူလာတတ်သည်။

"ရော့ မျက်နှာသွားသစ်လိုက်ကြဉီးညဟိုဘက်မှာ ရေဖြည့်ထားပေးတယ်"

အိမ်ဘေးမှာ ရှိတဲ့ ရေစည်ကို ညွှန်းပြလိုက်သည် ခနနေတော့ မင်းမြတ်မှာ မနက်စာတွေ ယူလာတော့သည်။

"ဆရာရေ ရွာထဲက ပေးလိုက်တာ  ပဲ ပြုတ်နဲ့ နံပြားတဲ့ ဆရာ့ရဲ့ ဧည့်သည်တွေပါ စားဖို့ဆိုပြီးထည့်ပေးလိုက်တယ် "

"ဧည်သည်တွေရောက်နေတာ ဘယ်လိုသိတာလဲ"

"မနေ့က ဉီးတင် လာသွားတယ်တဲ့ ဧည်သည်ရောက်နေတာမြင်လို့ ပြန်လှည့်သွားတာ အဲ့တာနဲ့ ရွာထဲပြောလိုက်တာထင်ပါရဲ့ ထိုင်ဉီးလေ ဆရာ ကျွန်တော် ပြင်ခဲ့မယ်"

"ကျေးဇူး မင်းမြတ်"
ကွပ်ပျစ်ပေါ်မှာထိုင်ရင်း စကားလက်ဆုံပြောမိသည်။ မင်းမြတ်လာချပေးသော အစားအစာအား နက်ရှိုင်းသူ ဘယ်လိုစားရမယ်မှန်းမသိတာကြောင့် ကြည့်သာနေတော့သည်။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now