Part 57*

14.6K 961 12
                                    

"ငယ် နေမကောင်းဘူးလား"

"ကောင်းပါတယ် ​မောင်ရဲ့၊ ဘာလို့လဲ"

"ငယ့်ကို ကြည့်ရတာ ပင်ပန်းနေသလိုပဲ"

"မောင်က ငယ့်ကို အားဖြည့်ပေးလေ"

"ပြွစ်....ပြွစ် အခုလိုလေး နမ်းရင်ရော အားပြည့်ပြီလား"

"မောင် အရမ်းအသားယူတာပဲ"

"ငယ်ပင်ပန်းတာ မမြင်ချင်ဘူးငယ်၊ အဆင်မပြေရင် နားလိုက်"

"ပြေပါတယ် မောင်ရဲ့၊ ေမာင်ကသာ အကဲတွေပိုနေတာမလား"

"ပို မပို သက်သေပြရမလား"

"ရပြီ တော်ပြီ မပြောနဲ့တော့"

"ဟားးးးဟားးး ဘာတွေကြောက်နေတာလဲ ငယ်ရဲ့"

"ဒီလို မောင်နဲ့တူတူနေရတဲ့ ေန့လေးတွေ အများကြီးရရင်ကောင်းမှာ"

"မောင်လည်း အတူတူရှိချင်တယ်၊ မောင် အလုပ်မတက်ပဲ နေလိုက်ရမလား"

"အတွေးကောင်းတွေ တွေးနေတယ်ပေါ့ မောင်၊မောင်Companyမသွားရင် မောင့်ကို ဘယ်သူမှ လေးစားမှာ မဟုတ်တော့ဘူး၊ လုပ်ချင်ရာလုပ်ကြတော့မှာ"

"ဟူးးး တကယ်ကွာ ငယ်နဲ့ တူတူတချိန်လုံးရှိချင်နေတာ ဘယ်လိုလုပ်ရမလဲ"

"ငယ့်အလုပ်ချိန် နည်းသွားအောင် လုပ်ပြီးရင် ကောင်းကောင်း အနားယူကြမယ်လေ"

"ဟုတ်ပါပြီဗျာ"

Ring!!!!

"J ပြော"

"ရှယ်ယာရှင်တစ်ယောက်က အရေးတကြီး ​ပြောစရာရှိတယ်ဆိုပြီး ချိန်းလို့ပါ"

"ကျစ်.....နားချိန်ကိုကွာ"

"မောင်"ဆိုကာ ငယ်က ကျွန်တော့်ကို မော့ကြည့်ရင် ဒေါသမထွက်ဖို့် ခေါင်းခါပြသည်။

"Ok ငါလာခဲ့မယ် အချိန်သိပ်မရဘူးဆိုတာ ပြောထား"

ကျွန်တော်လည်း ဖုန်းကို ချလိုက်ပြီး

"သွားလိုက်ပါမောင်၊ ခနလေးပဲကို ငယ် ဒီမှာပဲ​ စောင့်နေမယ်"

"အင်းပါ မောင် သွားပြီး ပြန်လာခဲ့ပါ့မယ်"

"ပြွစ်....သွားတော့ မောင်"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now