Part 66*

13K 849 20
                                    

မနက်ခင်းရောက်တော့ စီစဉ်ထားသည့်အတိုင်း လေယာဉ်နဲ့ U. Sကို ထွပ်လာခဲ့ကြသည်။ ထုံးစံအတိုင်းငယ်ကတော​့ မြန်မာနိုင်ငံက ထွက်ခွာပြီး တခြားတစ်နေရာမှာ ခနတာ နေထိုင်ရမှာမို့ ဝမ်းနည်းနေသည်။ ​ေလယာဉ်ပေါ်တွင် တခုပြီးတခုစား ဂျစ်တိုက်ပြီး ပြောလို့ဝသွားတော့ အိပ်ပျော်နေလေသည်။

လေယာဉ်ချိန်ဆိုက်နေပြီဖြစ်ပေမယ့်လည်း ငယ်က မနိုးသေးတာမို့ ပွေ့ချီကာ အိမ်ကို ပြန်လာလိုက်သည်။ အိမ်ရောက်တော့ ငယ့်ကို လဲပေးစရာရှိတာတွေ လဲပေးပြီ သက်တောင့်သက်သာ အိပ်စေကာ ကျွန်တော်ကတော့ အိမ်မှာ လိုအပ်တာတွေ လုပ်ဖို့ ထွက်လာလိုက်သည်။

"Jက ဘယ်ရောက်သွားတာလဲ"

"Marketသွားတယ် ဘာမှစားဖို့ မရှိသေးလို့တဲ့"

"မင်းတို့ရော အထုပ်တွေ နေရာချပြီးပြီလား"

"ပြီးပြီ"

Ring!!!!!

"Hello Tina"

"ရောက်ပြီလား"

"အခုပဲရောက်တာ၊ မင်းရော ဘယ်ချိန်လာမှာလဲ"

"မနက်ဖြန်မှ လာတော့မယ် မင်းတို့လည်း နားလိုက်ဉီး"

"အေးပါကွာ"

Tina နဲ့ ဖုန်းပြောပြီးနောက်...

"David စားဖို့ တခုခုပြင်ပေးထားဉီး၊ ရေချိုးလိုက်ဉီးမယ်"

"ဟုတ်ကဲ့ Boss"

ကျွန်တော်လည်း ငယ် မနိုးခင် ရေအမြန်ချိုးလိုက်သည်။ တော်ကြာ သူ့ကိုထားခဲ့ပြီး တခုခုလုပ်သည်ဟု ပြောနေဉီးမည်။

ရေချိုးပြီးနောက် ငယ့်အနားသွားကာ ပါးလေးကို လှမ်းကိုင်မိတော့ ရှုံမဲ့သွားသော မျက်နှာလေး

"အေးတယ် မောင်"

"နိုးနေပြီပေါ​့"

"မောင် ရေချိုးနေကတည်းက နိုးနေတာ"

"နိုးရင် မျက်လုံးဖွင့်လေ ငယ်ရဲ့"

"သူ့ဘာသာသူ မဖွင့်တာ ငယ်ဖွင့်တာပဲကို"

"ဟားးးဟားးး"

ကျွန်တော် ငယ့်ရဲ့ မျက်ခွံလေးကို နမ်းလိုက်တော့ ပွင့်လာတဲ့ မျက်လုံးလေး

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now