Part 24*

19.2K 1.3K 23
                                    

နက်ရှိုင်းသူသည် မိမိကိုယ်ကို မိမိ အပြစ်တင်ရင်း တညလုံး အိပ်မရခဲ့၊ သူသာ ဒေါသမထွက်ခဲ့ရင်ညသူသာ စိတ်ထိန်းနိုင်ခဲ့ရင် ငယ် အခုလို ဖြစ်မှာ မဟုတ်၊ ခြေထောက်နှစ်ဖက်မှာ စည်းထားတဲ့ ပတ်တီးကို မြင်နိုင် ရင်ထဲက တလှုက်လှိုက်နဲ့ ခံစားရသည်။

အနာရှိန်ကများတာကြောင့် အဖျားဝင်နေပေမယ့် ဆေးထိုးထားသည်ကြောင့် ချွေးများထွက်နေသည်။ နှဖူးပြင်ထက် ရေစိုပဝါလေးကို တင်ထားလိုက်ပြီး အဝတ်အစားများ လဲကာ ဝတ်ပေးလိုက်သည်။

"မောင် ~"
ရေထည့်ထားတဲ့ ဇလုံအား သွားထားနေတုန်း တိုးညှင်းတဲ့ ခေါ်သံကြောင့် ရေချိုးခန်းထဲက ပြေးထွက်ကာ ငယ့်နား သွားလိုက်သည်။

"ငယ် ဘာလိုလို့လဲဟင် မောင့်ကို ပြော နေရတာ အဆင်ပြေလားဟင်"

"ေရသောက်ချင်တယ်"

"ခနလေး မောင် ထည့်ပေးမယ်"

ဘေးနားမှာ  အဆင်သင့်ထားထားတဲ့ ရေခရားထဲမှ ရေကို လောင်းထည့်လိုက်ကာ တိုက်လိုက်သည်။

"မောင် ဘယ်နှနာရီရှိပြီလဲဟင်"

"မနက် ၅ခွဲ"

"မောင် မအိပ်ဘူးလား"

".............."

"မောင် ငယ် မေးနေတယ်လေ "

လိမ်လို့မရတဲ့ အနေအထားမို့် ဘာပြန်ပြောရမည်မသိ၊ ငယ်က စိတ်ဆိုးနေတဲ့ အသံနဲ့ ပြောလာတောင်ကြောင့် လူက အယောင်ယောင် အမှားမှားဖြစ်ကုန်သည်။

"အိပ်ပါတယ် ငယ်ရဲ့"

"မောင်....ငယ် လိမ်တာ မကြိုက်ဘူးနော်"

"ဟို......."
ကျွန်တော့်ကို စိတ်ပူလို့ ဆိုတာသိပေမယ့် အခုလို လုပ်တာကြီးကိုတော့ ကျွန်တော်မကြိုက်၊ ကျွန်တော် စိတ်ပူနေမယ်ဆိုတာ သူမစဉ်းစားမိပေဘူးလား။

"ငယ် စိတ်မဆိုးပါနဲ့ မောင်ကလေ....မောင်က ငယ့်ကို စိတ်ပူလို့ပါ မောင် အိပ်လို့လဲ မပျော်ဘူး မောင့်ကြာင့် ငယ်"

"လာ အိပ်ရာပေါ်လာခဲ့"

ခန့်ညားပိုင်သည် အိပ်ရာအောက်တွင် ထိုင်နေသော နက်ရှိုင်းသူအား ဘေးတွင် ဝင်လှဲစေလိုက်ကာ ရင်ခွင်ထဲ သွင်းလိုက်သည်။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now