Part 28*

17.7K 1.3K 34
                                    

At U. S........

ကျွန်တော်လည်း ရုတ်တရက်အခြေအနေမို့ ဆေးရုံမှ ခွင့်ယူလိုက်ပြီး မောင့်နောက်လိုက်ခဲ့သည်။ အရင်တုန်းကလိုသာဆို မလိုက်ဖြစ်ပေမယ့် အခုအနေအထားက မောင့်ကို တယောက်တည်း လွှတ်လိုက်လို့ မဖြစ်ပေ။

မောင့်ရဲ့ စိုးရိမ်ပူပန်မှုက မျက်နှာမှာပါ ထင်ဟပ်နေသည်။ မောင်သည် U. Sလေဆိပ်ကတဆင့် အနားမယူပဲ ဆေးရုံသို့ တန်းကာ သွားတော့သည်။

ဆေးရုံ​ေရာက်တော့ အခန်းနံပါတ်နဲ့ လူနာနာမည်ကို ပြောပြလိုက်ကာ သွားတွေ့ရသည်။ အခန်းနားရောက်ခါနီး ချိုင်းထောက်နဲ့ လမ်းလျှောက်နေတဲ့ Davidကို တွေ့တော့သည်။

"David"

"ဟင် Boss"
Davidက ခြေထောက်ကို ထိထားပြီး ပွန်းပဲ့ဒဏ်ရာတွေသာ ရသည်။

"မင်းတို့ကွာ ငါ့ကို ယုံကြည်ဖို့ ပြောခဲ့ပြီးတော့"

"Boss စိတ်ပူအောင် လုပ်မိလို့ ကျွန်တော် တောင်းပန်ပါတယ်"

"Jရော"

"Jက ခုနလေးတင် စိုးရိမ်ရမည့် အခြေအနေတွေကို ကျော်လွန်သွားပြီ ေပြာပါတယ်"

"ဟာကွာ တောက်စ်!!!!"

"မောင် တော်ပြီလေ အခု အကုန်အဆင်ပြေနေပြီပဲ ဒေါသမထွက်နဲ့တော့နော်"

"အကိုလေးတို့ အခန်းထဲ အရင်သွားရအောင်" Chrisရဲ့ သတိပေးမှုကြောင့် အားလုံး Jရဲ့ လူနာခန်းထဲသို့ ဝင်လိုက်သည်

"သူ သက်သာမှာပါ Boss သူ စိတ်ဘယ်လောက်မာလဲ Bossအသိဆုံးပဲလေ"

ကျွန်တော်လည်း ဘာမှပြောမနေတော့ပဲ ထိုင်ကာ စောင့်နေလိုက်သည်။ မောင့်ရဲ့ မျက်ဝန်းက လူတစ်ယောက်ကို ဆုံးရှုံးရမည်ကို ကြောက်နေသည့် ပုံပင်။

အတန်ကြာသည်အထိ တစ်ယောက်မှ စကားမပြောဖြစ်ကြ၊ တခန်းလုံး တိတ်ဆိတ်နေတော့သည် ကျွန်တော်လည်း စောင့်နေရင်း ပင်ပန်းနေသည်ကြောင့် မှေးခနဲ အိပ်ပျော်သွားသည်။

......................

ကျွန်တော် ချစ်ရတဲ့သူက အတော်ရှားသည်။ ငယ့်ကိုတော့ အချစ်ဆုံးပင်၊ ကျွန်တော်ဘေးမှာ အမြဲ အသင့်ရှိနေပြီ ကျွန်တော်လုပ်ချင်တာမှန်သမျှရော ဘယ်ချိန်မဆို ကျွန်တော့်ဘက်က ရပ်တည်ပြီး ကာကွယ်ပေးနေတဲ့ ကိုယ်ရံတော် ၄ယောက်က ကျွန်တော့်အတွက် ညီအကိုရင်းခြားလို ဖြစ်နေသည်။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now