Part 40*

16.3K 1K 34
                                    

ဒီနေ့ဟာ ကျွန်တော် အလုပ်ပြန်ဆင်းရမည့်ရက်ဖြစ်တာမို့ ထုံးစံအတိုင်း မောင် လိုက်ပို့သည်။

"ငယ်"

"ဟင်"

"ကိုယ့်ကိုကိုယ် သေချာ ဂရုစိုက်ရမယ်နော်"

"ငယ် သိပါတယ်"

"မောင်က ငယ့်နားမှာ အချိန်တိုင်းသာ ရှိနေလိုက်ချင်တော့တယ်"

"ငယ့်ကို စိတ်မချဘူးဆိုတာ သိပေမယ့်အလုပ်တော့ လုပ်ရမယ်လေ မောင်၊ ငယ် ကိုယ်ဘာကိုယ်လည်း ဂရုစိုက်ပါ့မယ် မောင်လည်း ဂရုစိုက်"

"ဟူးးးး"

သက်ပြင်းတွေချနေတဲ့ မောင့်အား အနမ်းလေးပေးကာ

"ချစ်တယ်လေ"

"ဟုတ်ပါပြီဗျာ"

မောင်ကလည်း နှဖူးထက်သို့ အနမ်းလေးခြွေသည်

"ညနေ လာကြိုရင်လေ Milk Teaလေး ဝယ်ခဲ့နော် မောင်"

"ကောင်းပါပြီဗျာ"

"မောင် တာ့တာ"

"ကိုယ့်ကို သွားလို့မရအောင် တေအသည်းယားစရာတွေ လုပ်ပြမနေနဲ့ တချိန်လုံး ငယ့်နားမှာ ဖြစ်သွားမယ်"

"ဟီးးးးးး သွားတော့"

ကျွန်တော်ကတော့ ငယ့်ကို ဆေးရုံသေချာပို့ခဲ့လိုက်ပြီး ကျွန်တော် စုံစမ်းရမည့် ကိစတွေ ရှိတာကြောင့် အမြန် ထွက်လာခဲ့သည်။

.................

At Hospital....

"ဆရာ"

"အော်....မင်းမြတ်"

"ဆရာ ပျောက်ခြင်းမလှကို ပျောက်သွားတယ် အဆင်ပြေရဲ့လား ဆရာ"

"ပြေပါတယ် ဘယ်လိုလဲ အလုပ်တွေ ပိသွားလား"

"အလုပ်ပိတာထက် နားညီးလွန်းလို့ပါ ဆရာရယ် တစ်ယောက်လာလည်း ဆရာ့ကိုမေး နောက်တစ်ယောက်လာလည်း ဆရာ့ကိုမေးနဲ့ ပါးစပ်ရော နားရော ညောင်းနေပြီ"

"ဟားးးး ပင်းပန်သွားပြီပေါ့"

"အဲ့လိုလဲ မဟုတ်ပါဘူး"

"မင်းစားချင်တာ ပြောလေ ဆရာ ဝယ်ကျွေးမယ်"

"တကယ်လား"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now