Ep-2 Unicode

5.8K 339 8
                                    

Lisa ဒီ​နေ့ ​နေ့လည်ပိုင်းအစည်းအ​ဝေးရှိတာ​ကြောင့်
hotel တစ်ခုကိုChae နဲ့အတူ တက်​ခဲ့ရတယ်
ပြီးတာနဲ့ lisa ရဲ့ ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ M ကုန်တိုက်ကို
ခဏဝင်မယ်ဆိုပြီး​ရောက်လာခဲ့​တော့
အ​ရောင်းစာ​ရေးတစ်​ယောက်နဲ့တစ်ခုခုအချင်းများနေ​သော
လွန်ခဲ့တဲ့တစ်ပတ်​လောက်ကမှ
Lisa ​တွေ့ခဲ့တဲ့ uncle kim ရဲ့ သမီးဖြစ်သူ

သူနဲ့အတူ ​ကောင်မ​လေးတစ်​ယောက်လည်းပါလာတယ်





"ဘာဖြစ်​နေကြတာလဲ?"

Lisa သူမတို့အနားကို​ရောက်သွားပြီး ​မေးလိုက်​တော့
အ​ရောင်းစာ​ရေးက​ကြောက်လန့်တကြီး​နဲ့ခေါင်းကိုငုပ်ပြီ...

"သူ​ဌေး!"

"ဘာဖြစ်ကြတာလဲလို့ တို့​မေး​နေတယ်​လေ"

"ဒီလိုပါ သူ​ဌေး!
ဒီက က​လေးမ​လေး​တွေက
Yves Saint Laurentရဲ့​နောက်ဆုံးထုတ်
L'HOMME တစ်တန်းလုံးကို ပျက်စီး​အောင်လုပ်သွားပါတယ်
သူ့အ​​ဖေက ဒါရိုက်တာ Kim လို့​ပြောပြီး
ဒါရိုက်တာ့ဆီမှာပဲ​လျော်​ကြေးသွား​​တောင်းခိုင်း​နေတယ်"

"​ဒီမှာ!
ရှင်လည်း ကျွန်မ ဘယ်သူဆိုတာသိ​နေတာပဲ
dady ဆီသာ​လျော်​ကြေးသွား​တောင်းလိုက်ပါ"

Jennie က lisa ကိုကြည့်ပြီး ​ပြောလာခဲ့တယ်
lisa သက်ပြင်းတစ်ချက်ချလိုက်ရင်း ဝန်ထမ်းကိုကြည့်ပြီး

"အဲ့ဒီ့ စင်ကို ရှင်းလိုက်ပါ
သွားလို့ရပြီ
တို့ဘာသာ ဒီက​လေး​တွေနဲ့ ​ပြောလိုက်မယ်"

"ဟုတ်ကဲ့ သူ​ဌေး!"

ဝန်ထမ်းထွက်သွားပြီးတဲ့​နောက်မှာ​တော့
lisaရဲ့ အကြည့်​တွေက jennieဆီကို...

"Lisa!
အဲ့ဒါနင်​ပြောတဲ့ uncle kim ရဲ့ သမီးဆိုတာလား?"

"ဟုတ်တယ် chae!

ငါဒီကို လာတဲ့ အလုပ်ကိစ္စ​​ကို
မန်​နေဂျာနဲ့ တစ်ချက်သွား​ပြောမလို့
အဲ့ဒါ ဒီက​လေးနှစ်​​ယောက်ကို
ငါ့ရုံးခန်းထဲ ခဏ​ခေါ်သွားလိုက်ပါ
ငါလာခဲ့မယ်"

"​အေး"

Lisa ထွက်သွား​တော့
chae က​လေးမ​လေး 2 ​ယောက်ကို
lisaရဲ့ရုံးခန်းထဲ​ခေါ်လာလိုက်တယ်

So far away(Completed)Where stories live. Discover now