Ep-18 Zawgyi ( The end )

3.2K 94 24
                                    

Darling ထွက်သွားတာ ည9နာရီတည်းက
အခု သန်း​ခေါင်​ကျော် 1နာရီရှိ​နေပြီ ပြန်မလာ​သေးဘူး
ကျန်းမာ​ရေးလည်းသိပ်မ​ကောင်း​သေးတဲ့သူမို့
Darlingကို Jennieစိုးရိမ်​နေမိသည်

Ph ဆက်တာလည်း ခဏခဏပဲ
ဒါ​​ပေမယ့် မကိုင်ဘူး
2နာရီလောက်ထိုးခါနီးမှာ​တော့ unnie chaeကို
Ph ဆက်ဖို့သာလုပ်လိုက်တယ်

"Hello unnie!
ခုအချိန်ကြီး phလှမ်းဆက်လိုက်ရတာအားနာပါတယ်"

📱💢"ရပါတယ် Jennieရဲ့
         ဒါနဲ့ အခု ph ဆက်တာက?"

"Darling အခု unnieဆီကို​ရောက်​နေလား?
ထွက်သွားတာ ကြာပြီ ပြန်မ​ရောက်လာ​သေးလို့"

📱💢"ခုဏက unnie chuဆီသူ phဆက်တယ်
          ခဏအပြင်ထွက်သွားပြီး​ အ​စောကပြန်​ရောက်တယ်
          Lisa အားလုံးမှတ်မိ​သွားပြီတဲ့ Jennie!
          unnie chu ​က တို့​တွေကို ပြောပြတာ
          အခု lisaပြန်​မ​ရောက်​သေးဘူးလား?
          ဟန်မြစ်မှာ ဘယ်ကိုထပ်သွား...

Unnie chaeရဲ့စကားမဆုံးခင် phချလိုက်တယ်
ချက်ချင်းထိုင်​နေရာက​နေထပြီး ကားနဲ့ဟန်မြစ်ကို
ဦးတည်ပြီး အမြန်​မောင်းလာခဲ့လိုက်တယ်

*ဘာလို့လဲ darling?
ဘာဖြစ်လို့ အဲ့ဒါက unnie jisooလဲ?*













~~~~~~~~~~~~~~~~~~~~~~

ဟန်မြစ်ကို​ရောက်​​တော့
တစ်​ယောက်တည်း မြစ်စပ်နားက သဲပြင်မှာ
ထိုင်​နေတဲ့ Darlingကို​တွေ့​တော့ အနား​သွားလိုက်တယ်

ဘေးမှာ ရပ်​လိုက်​တော့ darlingက​မော့ကြည့်လာတယ်

"Baby ဘယ်လိုလုပ်?
ကိုယ်ပြန်လာခဲ့မယ် အိမ်မှာ​စောင့်​နေဖို့ကို...

"ဘယ်အချိန်ထိ​​စောင့်​နေရမှာလဲ?
ဒါမှမဟုတ် တစ်သက်လုံး ​သေတဲ့အထိလား?"

ဒေါသတကြီး​ပြောလာတဲ့ baby​ကြောင့်
Lisa မတ်တပ်ထရပ်လိုက်ပြီး မျက်နှာချင်းဆိုင်လိုက်တယ်

"ဘာလို့အဲ့လို​ပြောတာလဲ baby?"

"မှတ်မိသွားပြီဆို?"

"..."

"ပြန်​ဖြေဦး​လေ darling!"

"အင်း မှတ်မိသွားပြီ
အခုဘာကို ​ဒေါသထွက်လို့ ​အော်​နေရတာလဲ?"

So far away(Completed)Where stories live. Discover now