Ep-12 Zawgyi

2.1K 132 14
                                    

"Lili ရောက်​နေတာကြာပြီလား?"

ရုံးခန်းထဲဝင်ဝင်ချင်း​တွေ့လိုက်ရတဲ့ သူမ​ကြောင့်
Chu ပြုံးပြီး ​မေးလိုက်​တော့ ​မော့ကြည့်လာတဲ့မျက်ဝန်း​လေး

"ခုဏ​လေးတင်မှ ​ရောက်လာတာပါ
unnie ဒီ​နေ့ ​နောက်ကျတယ်​​နော်?"

"ဒီအချိန်က ပုံမှန်ပဲ liliရဲ့
မနက်စာအတူစားလို့ရ​အောင် ​စော​ခေါ်လိုက်တာ"

"​အော်!!!"

Lisa နှာ​ခေါင်းတစ်ချက်ရှုံ့မိတယ်
အမှန်ဆို မ​နေ့ညတည်းက စိတ်​တွေပုံမှန်မဟုတ်ဘူး
အလုပ်လည်းမလုပ်ချင်သလို ဘားမှစိတ်တိုင်းမကျဘူး
ခု​တောင် unnie chuကလုပ်ငန်းပါတနာမို့
အားနာပြီးဒီကို လာ​ပေးတာ

"ဒီမှာ lili !
Chuကိုယ်တိုင် မနက်အ​စောကြီးထပြီး​တော့
ဒီ cake​လေးကို ဖုတ်ထားတာ
Coffee က chuရဲ့ လက်​ဖျော်ပဲ"

စားပွဲ​ပေါ်လာတင်​​ပေးပြီး​တော့
Lisa ​ဘေးမှာ ကပ်ကပ်ရပ်ရပ်လာထိုင်တဲ့unnieကို
မချိပြုံးတစ်ချက်ပြုံးပြလိုက်တယ်

အဲ့အချိန် အခန်းတံခါးပွင့်လာသံနဲ့အတူ
Lisa ရဲ့ အကြည့်​တွေက တံခါးဝဆီမှာ
နောက်ပြီး ခဏအတွင်း အံ့သြခြင်း​တွေက အပြည့်

"Unnie! ​တောင်းပန်ပါတယ်
ညက ​ကောင်း​ကောင်းအိပ်မ​ပျော်လို့
အိပ်ယာထ​နောက်ကျသွားတယ်
အဲ့ဒါ...

*Darling?*

*Baby?*

Lisa မြင်လိုက်ရတာ သူမ မှ သူမ အစစ်ပါ
ဘယ်လိုလုပ်​ရောက်လာတာလဲ လို့ အံ့သြ​နေတုန်း

"Lili!
သူက အသစ်ခန့်လိုက်တဲ့ အ​တွင်း​ရေးမှူးအသစ်​လေ"

"ဒါဆို lili သင်​ပေးရမှာ သူ့ကိုလား?"

"အင်း​လေ"

တကယ့်ကို ထူပူသွားခဲ့တယ်
မ​နေ့တည်းက ရှက်စိတ်​​ကြောင့်
ညက ph​​ခေါ်တာတောင် မကိုင်ခဲ့တဲ့ဟာကို
အခု လူပါ အ​ကောင်လိုက်​တွေ့​နေရပြီ

"Jennie!
မနက်စာစားခဲ့ရဲ့လား?
မစားရ​သေးရင် တစ်ခါတည်းဝင်စားလိုက်​လေ"

"ဟုတ် unnie!"

နောက်ဆုံး lisaနဲ့ သူမက
မျက်နှာချင်းဆိုင်ဖြစ်သွားခဲ့တယ်



So far away(Completed)Where stories live. Discover now