Ep-6 Zawgyi

2.4K 132 24
                                    

"မချစ်ခဲ့ဘူးလား baby?"

"အင်း မချစ်ခဲ့ဘူး
နှုတ်ဆက်ခဲ့ပါတယ် darling!"

ကျောခိုင်းပြီး ထွက်လာခဲ့တဲ့​နောက်မှာ
ကျန်ရစ်ခဲ့ရတဲ့သူ ဘယ်လိုခံစားရမလဲဆိုတာ
Jennie လုံးဝမသိသလို သိလည်းမသိချင်ဘူး

3နှစ်တာ​လောက် ချစ်ဟန်​ဆောင်ခဲ့ရတာ
အရမ်းကို မွန်းကြပ်ပြီး​တော့ ပင်ပန်း​နေပြီ​လေ







ကား​ပေါ်​ရောက်တဲ့အထိ
မောင်းမထွက်နိုင်​သေးဘဲ ကား​လေး​ပေါ်မှာ
Jennie ထိုင်ပြီး စဉ်းစား​နေမိတယ်

*အရမ်းကိုအချစ်ခံခဲ့ရတာက
အားနာမိပြီး အပြစ်ရှိသလိုခံစားရတယ်

Darlingက Jennie နဲ့မထိုက်တန်တဲ့သူပါ
ကောင်းတဲ့သူတစ်​ယောက်​ယောက်နဲ့​တွေ့ပြီး ​ပျော်ပါ​စေ*
















~~~~~~~~~~~~~~~~~~~~~~~

About 2 years ago<<<<<<








"Jennie!"

သောက်​နေတဲ့ ဝိုင်ခွက်ထဲက လက်ကျန်ကို
မော့မလို့ကြံတုန်း ​ဘေးမှာထိုင်​နေတဲ့ Ireneက
ဝိုင်ခွက်ကိုင်ထားတဲ့ Jennieရဲ့ လက်ကိုလာကိုင်တယ်

မနက်ဖြန်က Darlingနဲ့ Jennieတို့ရဲ့
1year aniversaryဖြစ်ပြီး​တော့ ဒါ​ပေမယ့်လည်း
အခု​ရောက်​နေတာက​တော့ Joyဆိုတဲ့သူငယ်ချင်းရဲ့​မွေး​နေ့...

"ဘာဖြစ်လို့လဲ Irene?
ငါ ဒီလက်ကျန်ကို​သောက်မှဖြစ်မယ်
အခု​လော​လောဆယ် ငါ့စိတ်​တွေမွန်းကြပ်​နေတယ်"

Ireneရဲ့လက်ကိုဖြုတ်လိုက်ပြီး
လပ်ကျန်ဝိုင်းကို အဆုံး ​မော့ချ​လိုက်​ပေမယ့်
ကြားလိုက်ရတဲ့ Irene ရဲ့စကား​​ကြောင့်
လည်​ချောင်ထဲပူထူ​နေတာက သီးတက်လာ​တဲ့အထိ

"နင်ငါ့ကိုချစ်​နေ​​သေးလား Jennie?"

"အဟွတ်~အဟွတ်~~!

နင်ဘာ​ပြောလိုက်တာလဲ Irene?"

"ငါတို့ UKမှာ ​စ​တွေ့ခဲ့ကြတာ​နော်?
နောက်ပြီး အရမ်းရင်းနှီးတဲ့ သူငယ်ချင်း​တွေဖြစ်ခဲ့ကြတယ်

1နှစ်​​လောက်​နေ​တော့ နင့်ငါကိုချစ်တယ်လို့...

"ဒီစကား​တွေ နင်ဘာလို့ပြန်​ပြော​နေတာလဲ?
နင်ပဲ ငါ့ကိုအဲ့တုန်းက ခါးခါးသီးသီးငြင်းပစ်ခဲ့တယ်​လေ
သူငယ်ချင်း​တွေဖြစ်တဲ့အပြင် မိန်းက​လေးချင်းမို့ဆိုပြီး...

So far away(Completed)Where stories live. Discover now