Ep-8 Unicode

4.6K 328 22
                                    

"နင် Ireneရဲ့အရူးလုပ်တာ ခံလိုက်ရတာ​ပေါ့?"

ကိုယ်​ရှေ့မှာထိုင်ပြီး ကျွမ်းထိုး​မှောက်ခုံရယ်ရင်း
​ပြော​နေတဲ့ Joy ကို Jennie မျက်​စောင်းထိုးပစ်လိုက်တယ်

"နင် ဒီတစ်သက် ရယ်လို့ပြီးဦးမှာလား?
ငါအခု အသည်းကွဲ​နေတာ​​နော်"

"နင်က?
အသည်းကွဲ​နေတာတဲ့လား?

အပို​တွေ မလုပ်စမ်းပါနဲ့ Jennieရာ
နင့်အ​ကြောင်းငါအသိဆုံးပဲ"

​ပြော​လေ ခက်​လေ အထဲမှာ
Joyက ထိပ်ဆုံးက​နေ ပါတယ်

မသိတတ်မှုကလည်း လွန်ကဲ​နေ​ရောပဲ

"နင် Ireneကိုတကယ်မချစ်ပါဘူးဟာ"

"ဘာလို့လဲ?
ငါ သူ့ကိုတကယ်ချစ်တာ
ချစ်လွန်းလို့ unnie lisaကို​တောင်ငါဖျက်ပစ်ခဲ့တာ
အဲ့ဒါက...

"Shhhhh!!"

Jennie ​​ပြော​နေတုန်း
စကားဖြတ်ဝင်လာတဲ့ Joy​​ကြောင့်
​​ပြော​နေတဲ့စကားစ ပြတ်သွားခဲ့တယ်

"နင် အဲ့အန်တီကြီးကို ပလစ်ထားလိုက်စမ်းပါ
ပြီးသွားပြီမှတ်လား ထားခဲ့လိုက်စမ်းပါဟာ"

"အန်တီကြီး?
နင်​သေချင်​နေလို့လား Joy?

Darlingက တကယ့်ကိုကျက်သ​ရေရှိ...

သတိမထားမိလိုက်ခင်မှာပဲ
အလိုအ​လျောက်​ပြောမိတဲ့နာမ်စား​ကြောင့်
Jennie ​ပြော​နေတဲ့စကားကို ရပ်ပစ်လိုက်တယ်

Joyက​တော့ Jennieကိုကြည့်​နေပြီး...

"နင် ဘယ်သူ့ကိုချစ်တာလဲ?"

"ဘာကိုလဲ?"

"နင်ချစ်တာ ဟိုအစုတ်ပလုတ်မ Ireneကိုလား?
ဒါမှမဟုတ် အဲ့ဒါ unnie lisaလား?"

ချက်ချင်းပြန်​ဖြေသင့်တယ်
ဒါ​​​ပေမယ့် Jennie ပြန်​ပြောဖို့ကို
ဘာလို့တွေ​ဝေ​နေမှန်း မသိဘူး

"နင်မ​ပြောနိုင်​တော့ဘူးမှတ်လား?"

"ငါ....ငါ unnie lisaကို အားနာလို့ပါ"

"ထားပါ​တော့
ဒါ​ပေမယ့် နင်​သေချာစဥ်းစားသင့်တယ် Jennie!
နင်တကယ်ချစ်ခဲ့တာ​ရော ဟုတ်ရဲ့လားလို့​ပေါ့"

​Joyက​ပြောပြီးတာနဲ့ph​အေး​ဆေးထိုင်သုံး​နေတယ်
မ​အေး​ဆေးနိုင်တာက​တော့ Jennieကိုယ်တိုင်ပါပဲ

So far away(Completed)Where stories live. Discover now