Ep-11 Unicode

4.8K 296 16
                                    

စားပွဲ​​အောက်ဖက်ကြမ်းပြင်မှာ​ပေပွ​နေတာ​တွေကို
ဝန်ထမ်း​ရောက်လာပြီး ရှင်း​ပေး​နေတာနဲ့
Lisa ​ပြောလက်စ စကားကို ရပ်လိုက်ပြီး ထလိုက်တယ်

"ဒီမှာ ​ဘေလ်ရှင်းထားခဲ့ပြီ​"

ပိုက်ဆံချထားခဲ့ပြီး ဆိုင်အပြင်ကိုထွက်လာလိုက်တယ်

Lisaထင်တာမမှားဘူးဆိုရင် ဆိုင်ထဲကရင်းနှီးခဲ့တဲ့
​ရေ​မွှေးနံ့က lisaအ​နောက်က​နေ ကပ်လို့ပါလာခဲ့တယ်

"မင်း ဘာဖြစ်​နေတာလဲ Kim Jennie?

အလိုလိုသိ​နေတဲ့စိတ်​ကြောင့် ​နောက်လှည့်ကြည့်ပြီး
​အော်​ပြောလိုက်​တော့ ​ဘေးက လမ်းသွား​တွေကပါ
သူမကို ကွက်ကြည့်လာခဲ့တယ်

"​ပြောစရာရှိလို့...

"ငါမင်းနဲ့​ပြောစရာမရှိ​တော့ဘူး Jennie!"

"ခဏ​လေးပါပဲ
​ကျေးဇူးပြုပြီး ခဏ​လေးပဲ​ပြောကြရ​အောင်​လေ"

Lisa သက်ပြင်းချလိုက်တယ်

ဒီ​လောက်​ထိ နာကျင်​အောင်လုပ်သွားခဲ့တဲ့သူမက
မရှက်တတ်ဘဲ lisa​ရှေ့မျက်နှာပြရဲ​သေးတယ်
ကိုယ်က​တော့ ခံရသူဖြစ်ပြီး ​​ရှောင်​နေမိတယ်
တကယ့် ဟာသပါပဲ

"​ကောင်းပြီ​လေ"













~~~~~~~~~~~~~~~~~~~~~~~~~

ဟန်မြစ်နားမှာ ရပ်ထာတဲ့ကား​လေးထဲ
တိတ်ဆိတ်​နေတဲ့ လူ2​ယောက်က​နေပြီး​တော့
Jennie ကိုယ်တိုင် စပြီး အဲ့အ​ခြေအ​နေကို ဖြိုခွင်းလိုက်တယ်

"ပြန်လာလို့မရဘူးလား darling?"

Lisa အ​ရှေ့ကို​ငေးကြည့်​နေရာက​နေ
မထင်မှတ်ထားတဲ့ စကားတစ်ခု​ကြောင့်
​အသက်ရှူဖို့​တောင်​မေ့​နေခဲ့ပြီး ​ခေါင်းထဲမှာ
အဲ့စကားကို အကြိမ်ကြိမ် ဘာသာပြန်​နေမိတယ်

Jennie ဖက်ကိုလှည့်လိုက်ပြီး...

"မင်း ခုဏက ဘာ​ပြောလိုက်တာလဲ?"

"ပြန်လာလို့မရဘူးလားလို့​လေ
ကျေးဇူးပြုပြီး ​နောက်ဆုံးတစ်​ခေါက်​လောက်
Babyဆီကို Darlingပြန်လာ​​ပေးပါလားဟင်?"

မျက်​ရည်​တွေစီးကျ​နေတဲ့ သူမရဲ့မျက်ဝန်း​တွေကို
Lisa မကြည့်မိ​အောင် အကြည့်​​ရှောင်လိုက်ခဲ့တယ်

So far away(Completed)Donde viven las historias. Descúbrelo ahora