Ep-17 Unicode

4.6K 278 18
                                    

"ဂုဏ်ယူပါတယ် Lisa!
ငါ့ထက်​အရင် ​လက်ထက်သွားမယ်လို့ ဘယ်သူထင်မှာလဲ?"

​လက်ထက်ပွဲပြီး​တော့ ညဖက်ဂုဏ်ပြုပွဲလေးမှာ
Chaeဆီက ပွင့်အံကျလာတဲ့စကား​တွေက
သူ့​ဘေးနားမှာထိုင်​နေတဲ့ unnie jisooကိုရွဲ့​ပြောလိုက်မှန်း
Lisa ရိပ်မိတာ​ကြောင့် အားရပါးရ ရယ်လိုက်မိတယ်

"Unnie!
သူ​ပြောတာလည်းဟုတ်သားပဲ​လေ
တွဲလာတာဖြင့် 8နှစ်​လောက်ရှိ​နေပြီမဟုတ်ဘူးလား?
ဘာလို့ လက်မထက်ကြ​သေးတာလဲ?"

"Lisa ​ရေ!
သွားပြီး ​မြှောက်မ​နေနဲ့ အဲ့တစ်​ယောက်ကို
Unnieက​တော့ lisaတို့လို သတ္တိမရှိ​သေးဘူး"

Lisa ရဲ့အ​ပြောကို ပြန်ပြီး
ခပ်စွာစွာ​ပြောလာတဲ့ unnie jisoo​က
သူ ဘယ်​လောက်စိတ်ပူ​နေတာကို lisaသိတယ်
Lisa ကိုယ်တိုင်လည်း companyရဲ့ ceoရာထူးကို
စွန့်လွှတ်ပြီး babyကိုလက်ထက်ခဲ့တာ
​အောင်မြင်​ကျော်ကြားမှုဆိုတာ
တကယ့်လက်​တွေ့မှာ​တော့ baby​လောက်
အ​ရေးမပါခဲ့ဘူး

​ပြောပြီး ​သောက်စရာသွားစီစဥ်​နေတဲ့ babyကို
ခုထိပြန်မလာ​သေးတာ​ကြောင့် lisaမျက်စိကစားပြီး
ဆိုင်အတွင်းထဲတစ်ဝိုက် လိုက်ကြည့်​နေမိတယ်

Mini-bar​လေးမှာ ရပ်ပြီး
မိန်းက​လေးတစ်ဦးနဲ့ စကား​ပြော​နေတဲ့ babyကို​တွေ့​တော့...

"သူက ဘယ်သူလဲ chae?"

Lisa အ​မေး​​ကြောင့် chaeကြည့်လိုက်​တော့
မရီး​လောင်း​လေးဖြစ်သူ chu ကို​တွေ့လိုက်ရတယ်

"သူက honeyရဲ့ အမ​လေ
Kim Jichuတဲ့"

"​​အော်!!!
သူက ဘာလို့မလာတာလဲ?
နင့် မရီး ပဲဟာ ​ခေါ်လို့ရပါတယ်ဟ"

"ငါ​ခေါ်ပါတယ်
သူအလုပ်ကိစ္စရှိ​သေးလို့တဲ့"

"Baby နဲ့ကျ​တော့ စကား​တွေ​ပြော​နေပြီး​တော့"

Babyနဲ့ စကား​တွေ​တရင်းတနှီး​ပြော​နေတာမို့
စိတ်ပူပြီး Lisa ထိုင်​နေရာက​နေ ထလိုက်တယ်
Irene နဲ့တည်းက သူငယ်ချင်းပါဆိုပြီးယုံခဲ့သမျှ
ဖြစ်ပျက်သွားတာ​တွေက မယုံနိုင်စရာ​တွေချည်းပဲ​လေ
ခုလည်း babyနဲ့ စကား​ပြော​နေတဲ့ အဲ့မိန်းက​လေးကို
Lisa လုံးဝ စိတ်ထဲ ဘဝင်မကျ

So far away(Completed)Where stories live. Discover now