Ep-5 Unicode

4.5K 306 15
                                    

"နင်​ပြော​တော့ ဒီ​နေ့မလာဘူးဆို?"

အချိန်အားဖြင့် မနက် 5နာရီဖြစ်ပြီး
Companyရဲ့ အစည်းအ​ဝေးခန်းမထဲဝင်လာတဲ့
lisa ကို chaeက ​​အံ့သြစွာနဲ့ မေးလိုက်ခြင်းဖြစ်တယ်

Lisa ဘားမှ ပြန်မ​ပြော​သေးဘဲ
ဥက္ကဌ​နေရာမှာ ဝင်ထိုင်လိုက်ပြီးတဲ့​နောက်
လက်ကို စားပွဲခုံ​​ပေါ် စုတင်ရင်း
​ခေါင်းကိုပါ စိုက်ချထားမိလိုက်တယ်

"ဟဲ့ Lisa!
ဘာဖြစ်လာတာလဲ ?

နင်​မ​နေ့က​ပြော​တော့
Jennie နဲ့ aniversary အတွက်
ဒီ​နေ့ Bangkok ကိုသွားကြမှာဆို?
အဲ့ဒါ နင်က အခုဒီမှာ...

"Baby မအားဘူး chae!
သူ့ သူငယ်ချင်း​မွေး​နေ့မို့
မ​နေ့ ညတည်းက party သွားတာ
ဒီ​နေ့လည်း သူတို့သူငယ်ချင်း​တွေ​လျှောက်လည်ဦးမှာမို့
ငါတို့ မသွားဖြစ်​တော့ဘူး

အဲ့ဒါ​တွေထားပါ
အစည်းအ​ဝေးအတွက် အားလုံးပြင်ပြီးပြီမှတ်လား?"

"အင်း
​နောက် နာရီဝက်​နေရင်
အားလုံး​ရောက်လာကြလိမ့်မယ်"

"​ကောင်းပြီ​လေ"

ရှယ်ယာရှင်​တွေ တ​​ဖြေ​​ဖြေး​ရောက်လာ​ကြတော့
Chae နဲ့ lisa တို့ စကားစ ပျက်သွားခဲ့တယ်

လုပ်ငန်းအတွက် ​ဆွေး​နွေး​နေကြရင်း
ခန်းမတံခါးကို ဝုန်းခနဲ့ ဖွင့်သံနဲ့အတူ
ဝင်လာတဲ့သူ​ကြောင့် အားလုံးအံ့သြသင့်​နေမိတဲ့အထိ

အဲ့ထဲမှာ Lisa နဲ့ chae တို့
အဆိုးဆုံးဖြစ်လိမ့်မယ်ထင်တယ်












"Darling!"

ကြည့်ရတာ မူး​နေပုံ​ပေါ်တဲ့babyက
Lisa ကို ရှယ်ယာရှင်​တွေကြားထဲမှာ
Darling လို့​ခေါ်လိုက်တာ​ကြောင့်
လူတစ်ကိုယ်လုံး ထူပူသွားခဲ့ရတယ်

"လိုက်ခဲ့"

Baby လက်ကိုဆွဲလိုက်တယ်
ဒါ​ပေမယ့် ဆက်ခနဲ့ ပုတ်ထုတ်လိုက်တဲ့
Baby ရဲ့ တခြားလက်တစ်ဖက်

"Darling နဲ့ လိုက်ခဲ့လို့​ပြော​နေတယ်​လေ
သွားကြရ​အောင် baby!"

ယိုင်နဲ့နဲ့ ဖြစ်​နေတဲ့ သူမကိုတွဲ​ခေါ်ရင်း
Lisa ရုံးခန်းထဲ ​ရောက်လာခဲ့ကြတယ်

















So far away(Completed)Where stories live. Discover now