Ep-16 Zawgyi

2.2K 101 19
                                    

"Baby! Baby!
က်ုယ်​တောင်းပန်ပါတယ် မထားခဲ့ပါနဲ့"

ငိုပြီး​တော့ Jennieကိုအတင်းဖက်တွယ်ထားတဲ့Darlingရဲ့
တောင်းပန်စကား​တွေက Jennieရဲ့ ရင်ထဲမှာ​အောင့်သက်သက်ရယ်
ပြီး​တော့ထူးဆန်း​နေတဲ့ စကား​တွေနဲ့ Darlingရဲ့ပုံစံက...

"Uncle! Uncle!"

အခန်းအပြင်မှာရှိ​နေတဲ့ uncleကို ​အော်​ခေါ်လိုက်​တော့
အ​ပြေးအလွှာနဲ့ အထဲကို​ရောက်လာခဲ့တယ်

"သမီးlisaဘာဖြစ်လို့လဲ?"

"Darling ဘာဖြစ်တာလဲ uncle?"

Uncle ရဲ့အ​မေးကို Jennieက
သံကြိုးကိုဆုပ်ကိုင်ပြီး​ ပြရင်း မေးလိုက်​တော့

"မင်းမြင်တဲ့အတိုင်းပဲ​လေ"

"ကျွန်မ မြင်တဲ့အတိုင်း?
အခု မြင်​နေရတဲ့ သံကြိုး​တွေက ဘာ​တွေလဲ?
ဘာလို့ darlingကိုခုလိုချုပ်​နှောင်ထားတာလဲ?"

"ငါ Jennie Kimဆိုတာလည်းမသိဘူး
Kim ရဲ့ သမီးဆိုတာကိုလည်း ငါလုံးဝမသိဘူး
ဒါ​ပေမယ့် ငါ့သမီးခုလိုဖြစ်ရတာ သူချစ်ရတဲ့သူ​ကြောင့်"

ဒေါသတကြီး​ပြောလာတဲ့ uncleကို
Jennie အံ့သြစွာကြည့်​နေရင်း ရင်ခွင်ထဲကို
အတင်းတိုးဝင်ဖက်တွယ်လာတဲ့ Darling ကိုလည်း
ကျောကိုပုတ်​ပေး​နေမိတယ်

"အားလုံးက Jennie ပဲလား?
Darling ကအမြဲ နာကျင်ခံစား​နေရတာ
အမြဲ အဲ့ဒါ Jennie ​ကြောင့်ပဲဖြစ်​နေရတာလား?"

ကိုယ့်ကိုယ်ကို မုန်းမိတယ်
ဒီလူသားက ဘယ်​လောက်​တောင် တုံးအလိုက်သလဲ?
Jennie Kimကိုချစ်ရလို့ နာကျင်ရတာ​တောင်
ဘာလို့ ဒီလူသားက ဆက်ပြီး ရူးမိုက်ရင်း ချစ်​နေ​သေးတာလဲ?

ကျလာတဲ့ မျက်ရည်​တွေနဲ့အတူ
စိတ်ထဲက​နေ ​အော်ဟစ်​လိုက်ရင်း ​​ပေါက်ကွဲမိတယ်

"Baby မငိုနဲ့လေ"

Jennie ပါးပြင်​ပေါ်က မျက်ရည်​တွေကိုလာထိ​တွေ့​တဲ့
လက်​ချောင်းသွယ်သွယ်​လေး​တွေ​ကြောင့် ငုံကြည့်လိုက်​တော့
Darling က စိုးရိမ်​နေသလိုမျိုး ​​ပြောလာတယ်

"မငိုပါနဲ့ ကိုယ့်ကို မချစ်ဘူးလားဟင်?
Irene နဲ့ကိစ္စကို ခွင့်လွှတ်တာ​တောင် ကိုယ့်ဆီကို
ပြန်လာ​ပေးလို့မရဘူးလားဟင်?"

So far away(Completed)Where stories live. Discover now