Extra (R.E) Zawgyi

4K 143 11
                                    

Jennie ငို​နေမိတာ ဘယ်လောက်ကြာလဲမသိဘူး
မသဲမကွဲအလင်း​ရောင်​တောင် ​ကောင်းကင်မှာထွက်​ပေါ်လာပြီမို့
ခြေ​ထောက်​တွေကို အားတင်းပြီး မတ်တပ်ရပ်လိုက်ရင်း
ကားဆီကို ​လျှောက်လာလိုက်တယ်

ကားနား ​ရောက်​ရောက်ချင်း​တွေ့လိုက်ရတာက
ခုဏကအတိုင်းရပ်ထားစဲဖြစ်​နေတဲ့ darlingရဲ့ကား
ဒါ​ပေမယ့် အထဲမှာ darling​တော့မရှိ​နေဘူး

"မြန်မြန်တက်ခဲ့​လေ
တစ်ညလုံးမအိပ်ရ​သေးဘူး
ဘာလို့ အဲ့မှာ အရူးလိုထိုင်နေတာလဲ?
ဒီမှာ​စောင့်​နေတာကြာပြီ"

Jennie ကားရဲ့ ကား​မောင်းသူ​နေရာ
ကားတံခါးမှန်အ​ပေါက်က ​ခေါင်း​လေးပြူထွက်ပြီး
နှုတ်ခမ်း​လေး တစူစူ ​ပြော​နေတဲ့သူက​တော့
Jennieရဲ့ အချစ်ရဆုံး​သောသူ

"Darling!"

မျက်နှာမှာ ချက်ချင်းပြုံးမိသွားတယ်
အလျင်အမြန်ပဲ ကား​ပေါ်တက်လိုက်​တော့
Darlingက တစ်ဖက်ကို လှည့်​​လို့သွားတယ်

"ထားခဲ့ပြီထင်တာ"

အ​နောက်က​နေ Darlingရဲ့ ခါး​လေးကို
ဖက်ပြီး ပုခုံး​ပေါ်​မေးတင်ရင်း​ပြောလိုက်​တော့
Darlingက jennieရဲ့ လက်​တွေအ​ပေါ်က​နေ
သူ့ရဲ့ လက်​တွေနဲ့ အုပ်မိုးပြီး ဆုပ်ကိုင်လာတယ်

"အရမ်းခက်ခဲလို့လား baby?
ကိုယ်က အ​လျော့​ပေးရဦးမှာလား?
တောင်းပန်ပါတယ်လို့​ပြောလိုက်ရင် ဘာဖြစ်သွားမှာမို့လဲ?
ထားသွားခဲ့တဲ့သူကို မမုန်းနိုင်ဘဲနဲ့
သစ္စာ​ဖောက်သွားတဲ့သူကို ဆက်ချစ်​နေမိတဲ့ကိုယ်က
ထပ်ပြီး အ​လျော့​ပေးရဦးမှာလား baby?
ကိုယ် အသက်လည်းကြီး​နေပါပြီ
တစ်ခါ​လောက် ​တောင်းပန်တာကိုလိုချင်မိခဲ့တာ
တစ်ခါ​လေးပဲ က​လေးဆန်ပြီး စိတ်ဆိုးပြမိခဲ့တာပါ"

ပြောပြီး မျက်ရည်​တွေနဲ့
Jennie ဖက်ကိုလှည့်ကြည့်လာတဲ့ darlingကို
ဘာစကားမှပြန်​မ​ပြောနိုင်​လောက်တဲ့အထိ
ရင်ထဲမှာ နာကျင်မှုကသာကြီးစိုး​နေတယ်

"​တောင်းပန်ပါတယ်
နောက်ဆို ကိုယ်ကပဲ အမြဲအ​လျော့​ပေးပါ့မယ်
ဘာလို့လမ်းခွဲဖို့ကို​ပြောတာလဲ?
ဒီလူက babyကို ဘယ်​လောက်ချစ်လဲဆိုတာမသိဘူးလား?
သတ်ပစ်လိုက်!
အဲ့လို ထပ်​ပြောမယ်ဆို ကိုယ့်ကို အရင်သတ်ပစ်လိုက်!
Baby မရှိဘဲ ကိုယ်မရှင်သန်နိုင်ဘူး
ဒီလူကို ရူးပြီး​သေသွား​​အောင်မလုပ်ပါနဲ့​တော့ baby!
ကိုယ် babyကို အရမ်းချစ်တယ်"

So far away(Completed)Where stories live. Discover now