Ep-15 Zawgyi

2.4K 115 18
                                    

အပြင်ဖက်မှာရွာ​နေတဲ့မိုးကို ဧည့်ခန်းရဲ့
မှန်ကာက​နေ ​ငေးကြည့်​နေမိတဲ့ Jennieက
coffeeခွက်ထဲက လက်ကျန်တစ်ဝက်​လောက်ကို
မ​သောက်ဘဲ လက်ထဲကိုင်ထားတာဘယ်​လောက်ကြာ​နေပြီလဲ
တောင်မသိ​တော့ဘူး

အဲ့လိုမှိုင်​ထွေ​နေမိတဲ့ Jennieရဲ့အနားမှာ
ဘယ်သူ့မှမရှိဘဲ တစ်​​ယောက်တည်းဆိုမှားသွားမှာပါ
ဧည့်ခန်းရဲ့ Jennieနဲ့ မျက်နှာချင်းဆိုင်မှာ
Joyလည်း ထိုင်​နေပါတယ်

"နင် ​ပြန်​တောင်းပန်သင့်တယ်​လေ Jennie!"

တိတ်ဆိတ်​နေပြီးမှ ကြားရတဲ့စကားသံ​ကြောင့်
Jennie ခုဏက​အေးစက်​နေတဲ့ မျက်နှာက
လုံးဝ မထိန်းနိုင်စွာနဲ့ ပျက်ယွင်းသွားပြီး​တော့
ကျဆင်းလာတဲ့ မျက်​ရည်​တွေက ချက်ချက်ပင်
ရှိုက်သံတစ်ချို့ပါ ပါလာခဲ့တယ်

ဒါဆို ခုဏတည်းက Jennieငိုချင်​နေတာ​ပေါ့
မျက်ရည်မကျ​​အောင် ထိန်းထားခဲ့တဲ့ပုံပါပဲ

"ငါ အမြဲ darlingကိုနာကျင်​အောင်လုပ်​နေမိတယ်
ဘယ်လိုသတ္တိမျိုးနဲ့ ငါထပ်ပြီး​တောင်းပန်ရဦးမှာလဲ Joy?"

ရင်ဘက်ကိုထုရိုက်ပြီး ငို​နေတဲ့ Jennieကို
Joy လည်းသနားမိတယ်

Unnie chuဆီက​နေ အဖြစ်မှန်​တွေသိပြီးတဲ့​နောက်
တကယ့်ကို မယုံနိုင်​လောက်​အောင် အားလုံက လွဲကုန်ခဲ့ပြီ
အဲ့ဒါ​ကြောင့် ဒီ​နေ့မနက် unnie lisaရဲ့ companyကို
Joy နဲ့ Jennie တို့သွားခဲ့ကြတယ်
.
.
.
.
.
.
.
.
.

Flash back

"ဘာ​ပြောတယ် Jennie Kim?
Lisa ကို​တောင်းပန်ဖို့အတွက်လာခဲ့တာ ဟုတ်လား?"

ဘားမှပြန်မ​ပြောနိုင်​လောက်​အောင်ကို
Jennie အမှားသိစိတ်က အရမ်းကိုကြီးစိုး​နေတယ်

"Lisaကို Lesbianပါဆိုပြီး နင်အရှက်ခွဲခဲ့တယ်
အခု သူ့အ​ဖေက အဲ့ဒါကိုသိပြီး​တော့ Bangkokကိုပြန်​ခေါ်တယ်
လွန်ခဲ့တဲ့ တစ်​ပတ်​လောက်တည်းက သူထွက်သွားပြီ"

Jennie အ​စော​လေးတင်ကမှ
အဖြစ်မှန်ကိုသိလိုက်ရတာမကြာ​​သေးဘူး
အခုထပ်ပြီးကြားရတဲ့အရာ​ကြောင့် အားအင်ချိနဲ့စွာနဲ့
ကြမ်းပြင်​ပေါ်မှာ ထိုင်ချမိလိုက်တယ်

So far away(Completed)Where stories live. Discover now